Healthy Life Ad
Life Style

ဂျပန်အမျိုးသမီးတို့ဆီက သွယ်လျသန်စွမ်းရခြင်း လျှို့ဝှက်ချက် လေးရပ်

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ကျွန်မတိုကျိုမြို့ကို စတင်ပြောင်းရွှေ့တုန်းက ကျွန်မကိုယ်အလေးချိန်က ပုံမှန်ရှိသင့်တဲ့ အလေးချိန်ထက် ၄၄ ပေါင် ပိုများနေခဲ့ပါတယ်။ ဘေးချင်းကပ်ရက်အခန်းက ဂျပန်အမျိုးသမီးကို ကျွန်မကိုယ်အလေးချိန်များတဲ့အကြောင်း ပြောပြတော့ သူက“ရေပူစိမ်ချိုးကြည့်ပါလား၊ ကျွန်မ ကူညီမယ်လေ”လို့ အကြံပေးခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ သူတို့ရဲ့ နေထိုင်စား သောက်ပုံနည်းလမ်းတွေအတိုင်း သိနားလည်ပြီး ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်နဲ့ ကယ်လိုရီပမာဏတွေကို တွက်ချက်စားသောက်ခဲ့တဲ့အခါ ကိုယ် အလေးချိန်ကျသွားရုံသာမက ကျန်းမာရေးကလည်း ပိုကောင်းလာခဲ့ပါတယ်။ ဒါကြောင့် ဂျပန်အမျိုးသမီးတွေဆီကရရှိခဲ့တဲ့ ခန္ဓာကိုယ်သွယ်လျ သန်စွမ်းကျန်းမာရခြင်း လျှို့ဝှက်ချက်တွေကို ပြန်လည်မျှဝေလိုက်ရပါတယ်။

(၁) သွယ်လျစေရန်အစာနှင့် လေ့ကျင့်ခန်းတွဲဖက် လုပ်ဆောင်ရမည်

ဆူမိုနပန်းသမားတွေက နံနက်စာမစားပါဘူး။ မနက်ခင်းမှာ သူတို့ကလေ့ကျင့်ခန်းချက်ချင်းလုပ်ပြီး နေ့လယ်စာကို များများစားပါတယ်။ ပြီးရင်အိပ်ပါတယ်။ အိပ်ရာထတဲ့အခါ အဲဒီနည်း လမ်းအတိုင်းထပ်လုပ်ပါတယ်။

တကယ်လို့ ကျန်းမာသွယ်လျချင်ရင်တော့ ကယ်လိုရီနည်းပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်ကိုစားရပါမယ်။ ပြီးရင် လေ့ကျင့်ခန်းအနေနဲ့ အသက်ရှူလေ့ကျင့်ခန်းကို လုပ် ဆောင်ရပါမယ်။ ခန္ဓာကိုယ်က ဖိစီးပင်ပန်းမှုစတင်ခံစားရတာနဲ့ ချိုတဲ့အစာတွေကို စားချင်စိတ်ပြင်း ပြလာတတ်ပါတယ်။

(၂) ရာသီပေါ် အစာများစားလျှင် နွေးထွေးသည်

အစာဆိုတာ အသက်ရှင်သန်ရေးအတွက် အရေးပါတဲ့ စွမ်းအင်တစ်မျိုးဖြစ်ပါတယ်။ နွေရာသီမှာ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို များများစားပေးရင် ခန္ဓာကိုယ်က အပူဒဏ်ကို ထိန်းချုပ်နိုင်စွမ်း ရှိသွားစေပါတယ်။ ဆောင်းရာသီမှာပေါ်တဲ့ အစာတွေက ခန္ဓာကိုယ်ကို နွေးထွေးစေပါတယ်။

သစ်သီးဝလံနဲ့ဟင်းသီးဟင်းရွက်တွေ စားဖို့၊ အထူးသဖြင့် အစိမ်းရောင် အပင်ထွက်အစာတွေ ကိုရွေးချယ်စားဖို့ အာဟာရပညာရှင်အများစုက အကြံပြုလေ့ရှိပါတယ်။ ဒါတွေက ကျန်းမာရေးနဲ့ ညီညွတ်ရုံသာမက ပမာဏများများစားရင် ပူတဲ့ရာသီမှာခန္ဓာကိုယ်ကို အေးမြစေပါတယ်။ အပင်ထွက်အစာတွေမှာ ဗီတာမင်များစွာ ပါဝင်ရုံသာမက ချက်ပြုတ်စားရင် ခန္ဓာကိုယ်ကို နွေးထွေးပြီး စွမ်းအင်အပြည့်ရရှိစေပါတယ်။

(၃) အစာစားချိန်အတွင်း ဖျော်ရည်သောက်ခြင်းက ကျန်းမာရေးနှင့်မညီညွတ်

ဂျပန်လူမျိုးတွေကအစာစားနေစဉ် ဘာဖျော်ရည်မှမသောက်ပါဘူး။ ဖျော်ရည်သောက်တာက အစာကြေညက်ခဲတယ်လို့ ယူဆကြပါတယ်။ ဂျပန်လူမျိုးတွေက အစာစားရင် ပူနွေးတဲ့ စွပ်ပြုတ်ကိုပဲ တွဲဖက်သောက်လေ့ရှိကြပါတယ်။ ဒါကခန္ဓာကိုယ်ကို ကျန်းမာပြီး ရေဓာတ်ပြည့်ဝစေပါတယ်။

(၄) ရေပူစိမ်ချိုးခြင်းက အသက်ရှည်စေသည်

ရေပူစိမ်ချိုးပြီးနောက် စိတ်တည်ငြိမ်စေရုံသာမက ကြွက်သားတွေကို အနားရစေပါတယ်။ ဒါ့အပြင် သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပါတယ်။ တစ်လမှာ အနည်းဆုံးနှစ်ကြိမ်ခန့် ရေချိုးပေးရင် အသားအရေကြည်လင်ကာ အစာကြေညက်စေပါတယ်။

ဖိစီးမှုမများပါစေနဲ့ ဂျပန်လူမျိုးတွေကရေကို နှလုံးသားနေရာအထက်အထိဖြည့်ပြီး ကြက်သီးနွေးရေဖြစ်အောင်ထားပါတယ်။ ဒါက သွေးလှည့်ပတ်မှုကောင်းမွန်စေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရေပူစိမ်ပြီးရေချိုးတာကြောင့် ကယ်လိုရီတွေကိုလောင်ကျွမ်းစေပြီး အသက်ရှည်စေတယ်လို့ သူတို့ကဆိုပါတယ်။

( Ref;BS )

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top