Healthy Life Ad
Q & A

အိပ်ရာထချိန် လည်ပင်းတောင့်တင်းနေလို့ . . .

မေး။ ။ ကျွန်တော် မကြာခဏဆိုသလို မနက် အိပ်ရာထတဲ့အခါ လည်ပင်းကြီး တောင့်တင်းနေတာမျိုးဖြစ် တတ်ပါတယ်။ အဲဒါ ဘာကြောင့်ပါလဲ သိချင်လို့ပါ။
ကိုဌေး၊ ဘုရင့်နောင်မြို့နယ်။

ပါမောက္ခဦးနေဝင်း(အရိုးခွဲစိတ်ဆရာဝန်ကြီး)ဖြေကြားသည်။

ဖြေ။ ။ နံနက်အိပ်ရာထချိန် လည်ပင်းတောင့်တင်းနေတယ်၊ ဇက်နာနေတယ်ဆိုရင် ဒါက အိပ်တဲ့ အနေအ ထားပုံမမှန်တာကြောင့်ဖြစ်နိုင်သလို ခေါင်းအုံးကြီးကို နှစ်လုံးဆင့်အိပ်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ခေါင်းအုံးသေးသေးပါးပါးလေးတွေနဲ့ အိပ်တာက လည်းသင့်တော်မှုမရှိပါဘူး။ ဆရာတို့အနေနဲ့ကတော့ ပုံမှန်အနေအထား ခေါင်းအုံးတစ်လုံးနဲ့ပဲ အိပ်စေချင်ပါတယ်။ ခေါင်းအုံးတစ်လုံးတည်း သုံးပြီးအိပ်ရင် လည်ပင်းက မော့နေတဲ့ပုံစံလည်းမဟုတ်ဘူး၊ ငုံ့နေတဲ့ ပုံစံလည်းမကျဘူး၊ လိမ်နေတဲ့ အနေအထားလည်း မကျဘူး၊ လည်ပင်းကို အနေအထားမှန်အောင် ထိန်းထားပေးပါတယ်။ ခေါင်းအုံး နှစ်လုံးဆင့်ပြီး အိပ်ရင် ခေါင်းက ရှေ့ကိုငိုက်ကျသွားပါတယ်။ သိပ်ပါးလွန်းတဲ့ ခေါင်းအုံးဆိုရင်လည်း ခေါင်းကမော့နေ တတ်ပါတယ်။ အနေတော် ခေါင်းအုံးတစ်လုံးတည်း နဲ့အိပ်တာက လည်ပင်းအနေအထားကို ပုံမှန်ဖြစ် အောင် ထိန်းထားပေးပါတယ်။

လည်ပင်းတောင့်တင်းတာ၊ ဇက်ကြောနာတာ မဖြစ်အောင် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ မှန်ထဲမှာ ကြည့်ပြီး လည်ပင်းအနေအထားမှန်မှန် တည့်တည့် လေးဖြစ်နေအောင် လေ့ကျင့်ခန်းလုပ်ပေးနိုင်ပါ တယ်။ အများအားဖြင့် လူတွေက ပတ်စ်ပို့ဓာတ်ပုံရိုက် တဲ့အခါ လည်ပင်းအနေအထားက စောင်းနေလို့ ဓာတ်ပုံဆရာက ပြင်ပေးရတတ်တယ်။ ဒီလိုမဖြစ်အောင် အနေအထားမှန်တဲ့အထိ ကိုယ့်ဘာသာကိုယ် ကျင့်ပေးရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top