Healthy Life Ad
International

သမီးလိုချင်၍ ကလေးတစ်ယောက်ပြီးတစ်ယောက်မွေးသည့် စုံတွဲ သား ၁၃ယောက် အဖတ်တင်

၊ မိုးမင်းထွန်း ၊ (Ref;DS)

ဘရာဇီးနိုင်ငံမှအီရီနျူးခရုဇ်နဲ့ဇနီး ဂျူဆီဆီးလ်ဗားတို့က သမီးမိန်းကလေးတစ်ယောက်ရဖို့ အနှစ် ၂၀တိုင် ကြိုးစားခဲ့ကြပေမယ့် ဘောလုံးတစ်သင်းစာ ထက်ပိုလျှံတဲ့ ယောကျာ်းလေးတွေသာ မွေးဖွားနိုင်ခဲ့ပါတယ်။ သူတို့စုံတွဲက လက်မလျှော့သေးဘဲ သမီမိန်းကလေးရဖို့ ဆက်လက်ကြိုးစားသွားဦးမှာပါ။

သားယောကျာ်းလေးတွေက အသက် ၁၈ နှစ် ကနေ နောက်ဆုံးတစ်လသားအထိ စုစုပေါင်း ၁၃ ယောက်ရှိနေကြပြီဖြစ်ပါတယ်။ ပထမကလေး ကိုယ်ဝန်ဆောင်ကတည်းက ယောကျာ်းလေးမွေးရင် ခင်ပွန်းဖြစ်သူက နာမည်မှည့်မှာဖြစ်ပြီး မိန်းကလေးဆိုရင်တော့ ဇနီးဖြစ်သူက အမည်ပေးမယ်လို့တိုင်ပင် ထားခဲ့ကြပါတယ်။

ယောကျာ်းလေးအားလုံးကို ဘောလုံးဝါသနာအိုး ခင်ပွန်းအီရီနျူးကသာ နာမည်မှည့်ခေါ်ခဲ့ပြီး သားတွေကသူကြိုက်တဲ့ ဘောလုံးသမား နာမည်တွေချည်းဖြစ်နေပါတယ်။ ဘရာဇီး ဘောလုံး အကျော်အမော် ရီဗယ်ဒို၊ ရော်နယ်လ်ဒင်ဟို၊ ရော်နယ်လ်ဒို၊ ရော်ဘင်ဟို၊ ရော်ဘက်တိုကားလို့စ်စတဲ့အင်္ဂလိပ်အက္ခရာ R နဲ့စတဲ့ နာမည်တွေပေးခဲ့ပါတယ်။

နာမည်ကျော်ကစားသမားတွေရဲ့နာမည်က R နဲ့ စလေ့ရှိတာကြောင့် ဒီလိုနာမည်ပေးရတာဖြစ်ကြောင်းနဲ့ သူ့သားတစ်ယောက်ယောက်သာ တစ်ချိန်မှာ ဘရာဇီးလက်ရွေးစင်ဘောလုံးတစ်ယောက်ဖြစ်လာမယ်ဆိုရင် အရမ်းပျော်ရွှင်မိမှာဖြစ်ကြောင်း အသက် ၄၀ အရွယ်အီရီနျူးကပြောပါတယ်။

မိခင်ဖြစ်သူဆီးလ်ဗားကတော့ ကလေးတွေ အ ချိန်ပြည့်ထိန်းကျောင်းနေရကာ တခြားအလုပ်လုပ်ဖို့ အချိန်မရကြောင်း ပြောပါတယ်။ ဒါပေမဲ့ သူကသမီး မိန်းကလေးရဖို့ကြိုးစားဦးမယ်လို့ ဆိုခဲ့ပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

********

Most Popular

Healthy Life Ad
To Top