Healthy Life Ad
Health Tips

နဂါးမောက်သီး ဘာကြောင့် စားသင့်သလဲ . .

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

နဂါးမောက်သီးက ဘယ်ကစပြီးပေါ်လာတယ်ဆိုတာကို အတိအကျမသိကြသေးပါဘူး။ တောင်အမေရိကမှာ စတွေ့တယ်လို့ထင်ကြပါတယ်။ အခုအခါမှာတော့ နဂါးမောက်သီးကို အာရှနိုင်ငံအများစုမှာ စိုက်ပျိုးနေကြပြီဖြစ်ပါတယ်။ နဂါးမောက်သီးကို ဘာကြောင့် စားသင့်တယ်ဆိုတဲ့ ကျန်းမာရေးအကျိုး ကျေးဇူးတွေကို ရေးသားလိုက်ရပါတယ်။

(၁) ကင်ဆာကို ကာကွယ်ပေးပါတယ်
နဂါးမောက်သီးမှာပါဝင်တဲ့ Phytoalbumins မှာ အင်တီအောက်ဆီးဒင့်လို့ခေါ်တဲ့ ဓာတ်တိုးဆန့် ကျင်ပစ္စည်းတွေပါဝင်နေတာကြောင့် ကင်ဆာဖြစ်စေနိုင်တဲ့ ဖရီးရယ်ဒီကယ်တွေကို ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။

(၂) အစာအိမ်နဲ့ ဟော်မုန်းပြဿနာတွေ သက်သာစေပါတယ်
နဂါးမောက်သီးဟာ အစာအိမ်နဲ့ ဟော်မုန်း ပြဿနာတွေကို ကုသဖို့အတွက် သုံးနိုင်ပါတယ်။

(၃) အာဟာရဓာတ် ပါဝင်နေပါတယ်
နဂါးမောက်သီးမှာ ပိုတက်စီယမ်၊ ဖီရမ် (Ferum)၊ ပရိုတင်း၊ ဆိုဒီယမ်၊ သံဓာတ်နဲ့ ကယ်လ်စီယမ် ဓာတ်တို့ အမြောက်အများပါဝင်နေပါတယ်။ နဂါး မောက်သီးမှာ ဗီတာမင် B1,B2 နဲ့ B3 စတဲ့ ဗီတာမင်ဘီတွေ များစွာပါဝင်နေပါတယ်။

(၄) ကိုလက်စထရောအဆီ လျော့ကျစေပါတယ်
အမျှင်ဓာတ် အများအပြားပါဝင်နေတာကြောင့် သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောပမာဏကို လျှော့ချဖို့အတွက် အသုံးဝင်ပါတယ်။

(၅) သွေးလှည့်ပတ်မှု ကောင်းစေပါတယ်
နဂါးမောက်သီးဟာ သွေးလှည့်ပတ်မှုစနစ်အတွက်အကောင်းဆုံးဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာဖိစီးမှုကို လျော့ကျစေတဲ့ အာနိသင်ပေးနိုင်ကာ သွေးတိုးကိုကာကွယ်ပေးတာ၊ အမြင်အာရုံကောင်းစေတာနဲ့ သွေးထဲက အဆိပ်ကို ဓာတ်ပြယ်စေတာစတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေတယ်လို့ လေ့လာမှုတွေကဆိုပါတယ်။

(၇) အမြင်အာရုံ ကောင်းစေပါတယ်
ဘီတာကယ်ရိုတင်းပါဝင်မှု များတာကြောင့် ခန္ဓာကိုယ်ထဲရောက်တဲ့အခါ ဗီတာမင်အေအဖြစ် ကူးပြောင်းသွားပြီး အမြင်အာရုံ၊ မျိုးဆက်ပွားနိုင်စွမ်းနဲ့ ဇီဝရုပ်ဖြစ်ပျက်မှုဖြစ်စဉ်တွေကို ကောင်းစေတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်ပေးပါတယ်။

(၈) သွေးတွင်း သကြားဓာတ်ကို ထိန်းပေးပါတယ်
ဆီးချိုသွေးချိုရောဂါအမျိုးအစား တစ်ခုဖြစ်တဲ့ အင်ဆူလင်ကိုမမှီတည်ဘဲ သွေးတွင်းသကြားဓာတ်များတဲ့ အခြေအနေ ရှိသူတွေမှာ သွေးတွင်းသကြားဓာတ်ကို ထိန်းပေးနိုင်တယ်လို့ တချို့က ဆိုပါတယ်။

(၆) အနာကျက်မြန်စေပါတယ်
နဂါးမောက်သီးမှာ ဗီတာမင်စီပါဝင်တာကြောင့် ပြတ်ရှရာနဲ့ ပွန်းပဲ့ရာတွေကို အနာအကျက်မြန်စေပြီး ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပါတယ်။

(၉) နှလုံးသွေးကြော ကျန်းမာစေပါတယ်
အနီရောင်နဂါးမောက်သီးမှာ ပရိုတင်းဓာတ်ပါဝင်ပြီး ဇီဝရုပ်ဖြစ်ပျက်မှုကောင်းစေကာ နှလုံး သွေးကြောကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

(၁၀) ချောင်းဆိုးတာကို သက်သာစေပါတယ်
နဂါးမောက်သီးကို ပုံမှန်စားသုံးပေးပါက ရင်ကျပ်ပန်းနာရောဂါနဲ့ ချောင်းဆိုးတာကို သက်သာစေပါတယ်။

Most Popular

Healthy Life Ad
To Top