Healthy Life Ad
International

သေဆုံးတော့မည့် အမျိုးသမီးက မိတ်ဆွေသူငယ်ချင်းများနှင့် နှုတ်ဆက်ပွဲ နှစ်ရက်ကြာ ကျင်းပ

အမေရိကန်ပြည်ထောင်စုမှ အသက် ၄၁နှစ်အရွယ် ပန်းချီဆရာမ ဘက်စီဒေးဗီးစ်ဟာ ၂၀၁၃ ခုနှစ် Lougehrigs Disease ဆိုတဲ့ ရောဂါဖြစ်ပွားခဲ့ပါတယ်။ ရောဂါက တဖြည်းဖြည်းပိုဆိုးလာတာကြောင့် လမ်းတောင်မလျှောက်နိုင်တော့ဘဲ မလှုပ်နိုင်မရှားနိုင်ဖြစ်လာကာ သေဆုံးမယ့်အချိန်ကို စောင့်မျှော်နေခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ဘက်စီက လွန်ခဲ့တဲ့ ဇွန်လ ၉ရက်နေ့ကမှ စတင် အသက်ဝင်တဲ့ ဥပဒေဖြစ်တဲ့ ဆရာဝန်အကူအညီနဲ့ သေဆုံးနည်းကို ရွေးချယ်ခဲ့ပါတယ်။

သူက မသေဆုံးခင်မှာ နှုတ်ဆက်ပွဲအဖြစ် နိုင်ငံတစ်ဝှမ်းမှ ဆွေမျိုးမိတ်ဆွေသူငယ်ချင်းတွေကို ဖိတ်ခေါ်ခဲ့ပါတယ်။

ဖိတ်စာထဲမှာ ‘ဧည့်သည်တွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်နိုင်မှုလိုအပ်တယ်လို့ ရေးသားခဲ့ပါတယ်။ နှုတ်ဆက်ပွဲမှာ စည်းမျဉ်းမရှိပါဘူး။ လူတိုင်းကြိုက်တာဝတ်၊ စိတ်ထဲရှိတာပြော နိုင်ပါတယ်။ ကနိုင်၊ သီချင်းဆိုနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်မရှေ့မှာ ငိုယိုတာမျိုးတော့မလုပ်စေချင်ပါဘူး’လို့ ဘက်စီက ဖိတ်စာမှာ ရေးသားခဲ့ပါတယ်။

ဇူလိုင် ၂၂ရက်နဲ့ ၂၃ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ပီဇာမုန့်၊ ကော့တေး၊ ဂီတဝိုင်းနဲ့ ဧည့်ခံခဲ့တဲ့ပွဲကို သူရဲ့ မိတ်ဆွေ ၃၀ ကျော်လာ ရောက်ကာ ဘက်စီကို နှုက်ဆက်ခဲ့ကြပါတယ်။

ဇူလိုင်လကုန်ပိုင်းမှာ သူရဲ့ညီမ၊ ဆရာဝန်၊ သူနာပြုဆရာမတို့ဘေးမှာ ရှိနေစဉ်မှာ ဘက်စီက သေစေတဲ့ ဆေးတွေကို သောက်သုံးခဲ့ပြီး ၄နာရီအကြာမှာ ငြိမ်းချမ်းစွာသေဆုံးခဲ့ပါတယ်။ သူရဲ့မိတ်ဆွေဖြစ်သူ နီးယယ်ကတော့ အနုပညာသမား တစ်ယောက် အနေနဲ့ဘက်စီဟာ အနုပညာဆန်စွာ သေဆုံး သွားခဲ့တယ်လို့ ပြောပြပါတယ်။

Most Popular

Healthy Life Ad
To Top