Healthy Life Ad
Health Tips

သွယ်လျလှပဆဲ ဂွင်းနက်ပါထရိုး၏ ကျန်းမာလှပနည်းလမ်းကောင်းများ

၊ ငွေကြယ်စင်ယံ ၊

ဟောလိဝုဒ်မင်းသမီး၊ ဘလော့ဂ်ရေးသူ၊ စာရေးဆရာ၊ မိခင်ကောင်းစတဲ့ ဂုဏ်ပုဒ်တွေ ပိုင်ဆိုင်သူ ဂွင်းနက်ပါထရိုးဟာ ကျန်းမာရေး စိတ်ချမ်းသာမှုနဲ့ ပတ်သက်ပြီး သူမရဲ့ခံယူချက်၊ အစားအစာ စားသောက်ပုံနဲ့ ဘဝနေထိုင်မှုပုံစံတို့ကို အခုလို မျှဝေ ထားပါတယ်။

– ဘယ်အချိန်ကစပြီး ကျန်းမာရေးကို အလေးထားခဲ့တာပါလဲ
ဖခင်က ကင်ဆာရောဂါရှိကြောင်း သိခဲ့ရပြီးချိန် မှာ ဂွင်းနက်ပါထရိုးဟာ ကျန်းမာရေးကို အလေးထား သူဖြစ်လာခဲ့ပါတယ်။ အဲဒီအချိန်က ကျန်းမာရေး စစ်ဆေးကြည့်ခဲ့တဲ့အခါ ဗီတာမင်ဒီ ချို့တဲ့တာ၊ သွေး အားနည်းတာနဲ့ သားဥအိမ်မှာ အကျိတ်သေးတစ်ခုရှိတာတို့ကို တွေ့ခဲ့ရပါတယ်။ ဒါကြောင့် ဂွင်းနက်ပါထရိုးက သူ့ကျန်းမာရေးကို ဦးစားပေးပြီး ဂရုစိုက်ခဲ့ပါတယ်။ ကိုယ်တွင်းက မလိုအပ်တဲ့ အစာဟောင်းတွေကို ပုံမှန်စွန့်ပစ်တဲ့အပြင် ကော်ဖီ၊ အယ်လ်ကိုဟော၊ သကြားနဲ့ ပြုပြင်ထားတဲ့ အစာတွေကို ဖြတ်တောက်ခဲ့ပါတယ်။ ဒီလို ပုံစံပြောင်းပြီး စားသောက်ခဲ့တာကြောင့် သူဟာ အရင်ကထက် ပိုမိုကျန်းမာပြီး တက်ကြွမှု ရှိလာခဲ့ပါတယ်။

– မိသားစုစုံညီ ဘယ်လိုအစားအသောက်တွေကို စားလေ့ရှိပါသလဲ
ဂွင်းနက်ပါထရိုးဟာ မိသားစုစားတဲ့ အစားအသောက်ကိုပါ ပြုပြင်ပြောင်းလဲဖို့ ကြိုးစားခဲ့ပါတယ်။ အရင်ဆုံး ကလေးတွေကို တိကျတဲ့ စားသောက်နည်း စနစ်ထားရှိစေတဲ့အတွက် အစပိုင်းမှာ ပြစ်တင်ဝေဖန် ခံခဲ့ရပါတယ်။ ဒီနည်းလမ်းက ကလေးတွေကို ကျန်းမာရေးနဲ့အညီ ကြီးပြင်းလာစေတယ်လို့ ယုံကြည်တဲ့အတွက် သူ ပြင်ဆင်တဲ့ အစားအသောက်တွေကို ကလေးတွေ သဘောကျတဲ့ စားဖွယ်ရာတွေ ဖြစ်အောင် ကြိုးစားပြင်ဆင်ခဲ့ပါတယ်။

အစာကြေညက်ဖို့အတွက် စပျစ်စေ့ အနှစ် ၄-၁၂ စေ့ကို ရေနွေးတစ်ဖန်ခွက်ထဲထည့်ပြီး တစ် နေ့တာစတင်ပါတယ်။ ဒီအနှစ်ရည်က အစာကြေညက်စေပြီး ဝမ်းမှန်မှန်သွားစေတယ်လို့ ဂွင်းနက်က ယုံကြည်ပါတယ်။ ဒါ့အပြင် ရိုးရာဂျပန်ဆေးကို စားတာကြောင့် အဆီပိုတွေကို တွန်းလှန်နိုင်စေပြီး ဗီတာမင်စီ၊ အမျှင်ဓာတ်၊ ဖော့စ်ဖရပ်စ်နဲ့ ပိုတက်စီယမ်ဓာတ်တို့ရရှိကာ ကျန်းမာအားပြည့်စေတယ်လို့ သူက ဆိုပါတယ်။

– အိမ်တွင်း ပိုးမွှားတွေကို ဘယ်လို ဖယ်ရှားသလဲ
ဂွင်းနက်ပါထရိုးဟာ ဘက်တီးရီးယားပိုးတွေ သေစေဖို့ အဆိပ်မရှိတဲ့ ဖျန်းဆေး(Colloidal Silver Spray)ကို သုံးပါတယ်။

– ညည အိပ်ရေးဝ၀ အိပ်မောကျအောင် ဘယ်လို လုပ်ဆောင်သလဲ
ညအိပ်ပျော်ဖို့ အိပ်ဆေးသောက်မယ့်အစား၊ အရက်သောက်မယ့် အစား နာ့ဗ်ကြောစနစ်အေးချမ်းစေဖို့ မဂ္ဂနီဆီယမ်လို အာဟာရဓာတ်ကို မှီဝဲလေ့ရှိ ပါတယ်။ ညအိပ်ရာမဝင်ခင် နာရီဝက်-တစ်နာရီအလိုမှာ မဂ္ဂနီဆီယမ် ၃၀ဝ- ၆၀ဝ မီလီဂရမ်ကို မှီဝဲပါသတဲ့။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top