Healthy Life Ad
International

မွေးကင်းစတွင် သေဆုံးမည်ဟု ခန့်မှန်းခံရသည့် ကလေးငယ် အသက်နှစ်နှစ်ပြည့်ပြီ

၊ မိုးမင်းထွန်း ၊ (Ref;MTO)

အာထရာဆောင်းစစ်ဆေး ချက်အရ ဦးနှောက်ချို့ယွင်းချက် ရှိနေတာကြောင့် သူတို့ရဲ့ကလေးကို ဖျက်ချပစ်ဖို့ တိုက်တွန်းခံခဲ့ရပေမယ့် အမေရိကန်ပြည်ထောင်စုမှာနေထိုင်တဲ့ ဘရန်ဒန်နဲ့ဘရစ်တနီဘူရယ်တို့စုံတွဲဟာ လက်မခံခဲ့ပါဘူး။

Microhydranencephaly ခေါ်တဲ့မွေးရာပါ ဦးနှောက်ချို့ယွင်းဝေဒနာရှင်တွေက အမေရိကန်မှာ ကလေး ၄၈၅၉ ဦးမွေးဖွားတိုင်း တစ်ဦးသာဖြစ်ပွားနိုင်ပြီး မွေးကင်းစမှာသေဆုံးလေ့ရှိကြပါတယ်။ ငုပ်ဗီဇကြောင့်ဖြစ်ပေါ်တတ်ပြီး ဝေဒနာရှင်တွေဟာဖွံ့ဖြိုးမှုနောက်ကျတာ၊ ဉာဏ်ရည် မမှီတာတို့ဖြစ်တတ်ပါတယ်။

အစဉ်အလာနဲ့ဆန့်ကျင်ပြီး ဝေဒနာရှင်ကလေး ငယ်လေးဂျက်ဆန်ဘူရယ်က အခုအခါအသက် နှစ်နှစ်ပြည့်သွားပြီဖြစ်ပါတယ်။

သာမန်ထက်ပိုတဲ့ဇနီးရဲ့ဂရုစိုက်စောင့်ရှောက်မှုက ကလေးအသက်ရှည်ရတဲ့အကြောင်းရင်း…..လို့ ဖခင်ဘရန်ဒန်က ပြောပါတယ်။ သူတို့မိသားစုရဲ့ ပြင်းပြတဲ့ယုံကြည်ချက်ကလည်း တစ်ချက်ပါဝင် တယ်လို့ဆိုပါတယ်။ ကလေးကနေ့စဉ်အသက်ရှင် သန်ဖို့ရုန်းကန်ရပြီး တစ်နေ့အကြိမ်များစွာ အကြောဆိုင်းတတ်သလို ကိုယ်အလေးချိန်ကလည်း ၁၃ ပေါင်သာရှိကြောင်းသိရပါတယ်။ အခက်အခဲတွေရှိပေမယ့် အချိန်တိုင်းပြုံးနေတတ်ပြီး ပျော်ပျော်ရွှင်ရွှင်ရှိနေပါတယ်လို့ သူကဆက်ပြောပါတယ်။

မွေးဖွားလာကတည်းက သူ့အကြောင်းဟာကျော်ကြားခဲ့ပြီး ဖေ့စ်ဘွတ်ခ်ပရိသတ် ၄ သိန်းနီးပါးရှိပါတယ်။ လာမယ့်စက်တင်ဘာလမှာ ဂျက်ဆန်ရဲ့အသက်ရှင်ရုန်းကန်ရတဲ့အကြောင်း ရေးသားထားတဲ့ စာအုပ်ကိုထုတ်ဝေမယ်လို့ မိသားစုကပြောပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top