Healthy Life Ad
International

ရောဂါအမည်တောင်မရှိသေးသော ရှားပါးရောဂါခံစားနေရသည့် သမီးငယ်လေး

၊ မိုးမင်းထွန်း ၊

အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါမှ အသက် ၉ နှစ်အရွယ် ကေတီရန်းဖရိုးဟာ မွေးဖွားလာကတည်းက Megalencephaly အမည်ရ ဦးနှောက် အလွန်အကျွံကြီးထွားတဲ့ရောဂါ ခံစားနေရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ပြသလာတဲ့ တခြားရောဂါ လက္ခဏာတွေကြောင့် ဆရာဝန်တွေတောင် အမည်ပေးဖို့ အခက်ကြုံနေကြပါတယ်။ စစ်ဆေးမှုများစွာ လုပ်ခဲ့ပေမယ့် သိရှိပြီးသားရောဂါတွေ တစ်ခုမှမဟုတ်တာကိုတွေ့ရှိခဲ့ပါတယ်။ ကလေးနာမည် ကေတီလို့အမည်ပေးဖို့တောင် ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။

ရောဂါကြောင့် တက်တာအပါအဝင် ဝေဒနာမျိုးစုံခံစားနေရပြီး လမ်းလျှောက်တာ၊ စကားပြောတာတို့ မပြုလုပ်နိုင်တော့ပါဘူး။ အစာပြွန်မှတဆင့်သာ အစာကျွေးနေရပါတယ်။ နားလည်ရခက်တဲ့ ရောဂါအခြေအနေကြောင့် ကိုးလအရွယ်ကတည်းက ခွဲစိတ်မှုများစွာ ပြုလုပ်နေခဲ့ရပါတယ်။ ဦးနှောက်ခွဲစိတ်တာ၊ အာသီးဖယ်ရှားတာ၊ အစာပြွန်တပ်ဆင်တာ၊ နား၊ လျှာ၊ ပါးအရွယ်အစား သေးငယ်သွားအောင် အကြိမ်ကြိမ်ပြုလုပ်ရတာနဲ့ ဦးခေါင်းမှ အရည်အိတ်နှစ်လုံးကိုလည်း ဖယ်ရှားခဲ့ရပါတယ်။ ကေတီဟာ မသန်စွမ်းကလေးကျောင်းမှာ တက်ရောက်နေပြီး ကွန်ပျူတာအသုံးပြုတတ်ကြောင်း သိရပါတယ်။ မွေးချင်း ၇ ယောက်ရှိတာကြောင့် အိမ်မှာဂရုစိုက်သူများပြီး ပျော်ပျော်ရွှင်ရွှင်နေတတ်ပါတယ်။ အမျိုးအမည်မသိတဲ့ရောဂါကြောင့် ရှေ့ဘာဖြစ်မယ်ဆိုတာ မခန့်မှန်းနိုင်ပေမယ့် မိသားစုကတော့ သူတို့တတ်စွမ်းနိုင်သလောက် ကလေးပျော်ရွှင်အောင် ကြိုးစားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top