Healthy Life Ad
Health Tips

ရှားစောင်းလက်ပပ်ဖျော်ရည်၏ အလှအပအာနိသင်

၊ လရိပ်မေ ၊

ရှားစောင်းလက်ပပ်က ရိုးရာဆေးပညာမှာ အသုံးများဆုံးအပင်တစ်မျိုးဖြစ်ပြီး အရေပြားမှာ လိမ်းပေးရင် နာကျင်ကိုက်ခဲမှု ဝေဒနာသက်သာစေသလို ရောင်ရမ်းမှုလျော့ကျစေပါတယ်။ ရှားစောင်းလက်ပပ်ကို နှင်းခူ၊ အပူလောင်နာနဲ့ တခြားအရေ ပြားဝေဒနာတွေမှာ သုံးနိုင်ပါတယ်။ ရှားစောင်းလက်ပပ်မှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့ ဖိုင်တိုကမ်မီကယ်တွေ ပါဝင်တဲ့အတွက် ဆံပင်၊ အရေပြားနဲ့ ခန္ဓာကိုယ်အတွက် အလွန်အစွမ်းထက်ပါတယ်။

– ကိုယ်ခံအားကောင်းပြီး အရေးကြောင်း ကင်းစင်ခြင်း
ရှားစောင်းလက်ပပ်မှာ အင်တီအောက်ဆီးဒင့် ပါဝင်ပါတယ်။ အင်တီအောက်ဆီးဒင့်ပါတဲ့အတွက် ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်နိုင်ပြီး ကိုယ်ခံအားကို ကောင်းမွန်စေပါတယ်။ ဖရီးရယ်ဒီကယ်တွေက ဝေဒနာတွေ၊ ရောဂါတွေနဲ့ အရွယ်မတိုင်ခင် အိုမင်းမှုတွေဖြစ်စေနိုင်ပါတယ်။ တစ်နေ့မှာ ရှားစောင်းလပ်ပပ်ဖျော်ရည် တစ်ဖန်ခွက်သောက်ပေးရင် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး အရေးကြောင်းတွေကို ကင်းစင်စေပါတယ်။

– ခန္ဓာကိုယ်သွယ်လျလှပစေခြင်း
ရှားစောင်းလက်ပပ်ဖျော်ရည်ကို လေ့ကျင့်ခန်းမလုပ်ခင်မှာ သောက်သုံးနိုင်ပါတယ်။ စွမ်းအင် အဆင့်ကိုမြင့်တက်စေပြီး လေ့ကျင့်ခန်းကို ကြာကြာလုပ်နိုင်စွမ်း ရှိစေပါတယ်။ ရှားစောင်းလက်ပပ်ဖျော်ရည်ကို ပုံမှန်သောက်တဲ့အခါ ခန္ဓာကိုယ်ထဲက ကယ်လိုရီတွေကို များများလောင်ကျွမ်းစေပြီး ဇီဝရုပ်ဖြစ်ပျက်မှု ကောင်းစေတဲ့အတွက် ကိုယ်အလေးချိန်ကို သွယ်လျအောင် ထိန်းပေးပါတယ်။

– အရေပြားဝေဒနာများ အနာကျက်စေခြင်း
ရှားစောင်းလက်ပပ်ဟာ ဆိုးရီးယေးစစ်၊ အရေပြားယားယံတဲ့ ဝေဒနာ၊ နှင်းခူ စတဲ့ အရေပြားဝေဒနာတွေကို ကုသနိုင်ပါတယ်။ အရည်ကြည်ဖုနဲ့ အင်းဆက်ပိုးမွှားတွေကိုက်တာလို ဓာတ်မတည့်မှုတွေကို သက်သာစေပါတယ်။

– အသားအရေ လှပကြည့်ကောင်းခြင်း
ရှားစောင်းလက်ပပ်မှာပါတဲ့ အာဟာရဓာတ်တွေက အသားအရေကို ကြည့်ကောင်းစေပါတယ်။ ရှားစောင်းလက်ပပ်ဖျော်ရည် သောက်တာကြောင့် ကိုယ်တွင်းဆဲလ်သေတွေကို ကင်းစင်စေပြီး ဆဲလ်အသစ်တွေထွက်ရှိကာ အသားအရေကြည်လင် နုပျိုစေပါလိမ့်မယ်။

– အသားအရေတင်းရင်းပြီး အကြောပြတ်ရာများကင်းစင်စေခြင်း
ရှားစောင်းလက်ပပ်ရဲ့ အနာကျက်အစွမ်းက အကြောပြတ်ရာတွေကို လျော့ပါးစေပြီး အသားအရေရဲ့ ဆွဲဆန့်နိုင်စွမ်းအားကို ကောင်းမွန်စေပါတယ်၊ အရေးကြောင်းတွေကို လျော့ပါးစေပါတယ်။ အိမ်မှာ ရှားစောင်းလက်ပပ်အပင် စိုက်ထားရင် အနှစ်သားကိုယူပြီး ပျားရည်နဲ့ ဖျော်သောက်ပေးနိုင်သလို လိမ်းလည်း လိမ်းပေးနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top