Healthy Life Ad
Q & A

Mercury ပါတဲ့ မိတ်ကပ်လိမ်းရင် . . .

ဒေါက်တာမြတ်ထွဋ်ညွန့်မှ ဖြေကြားပေးပါသည်။

မေး ။ ။ Mercury ပါတဲ့ မိတ်ကပ်လိမ်းရင် ဘယ်လိုဘေးထွက်ဆိုးကျိုး ပေးတတ်ပါသလဲ။ ညီမလူးတာနှစ်ဘူးရှိပြီ ကြောက်တယ်၊ ဈေးက ၃၀ဝ၀နဲ့ ထိရောက်တာ သိသာတော့ လူးမိတာပါ။ မျက်နှာကိုဘာဆိုးကျိုးတွေ ပေးတတ်ပါသလဲရှင်။
နှင်းနှင်းဦး (FB)

ဖြေ ။ ။ Mercury ပြဒါးဓာတ်ကို တချို့အလှကုန်တွေမှာ ထည့်သုံးတတ်ကြပါတယ်။ ဒါပေမဲ့ ပြဒါးဓာတ်ဟာအရေပြားကတစ်ဆင့် စိမ့်ဝင်ပြီး ပြဒါးအဆိပ်သင့်တာတွေ ဖြစ်နိုင်ပါတယ်။ အရေပြားရောင်ရမ်းတာကစပြီး အာရုံကြောထိခိုက်ပျက်စီးတာအထိ ဖြစ်စေနိုင်ပါတယ်။ ပမာဏများများကို တာရှည်ထိတွေ့မိခဲ့ရင် ရေရှည်မှာ ကျန်းမာရေး ထိခိုက်စေနိုင်တာဖြစ်တဲ့အတွက် Mercury မပါတဲ့ အလှကုန်ကိုသာသုံးသင့်ပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top