Healthy Life Ad
International

၃ နှစ်သမီးလေးကို ကျောက်ကပ်လှူဒါန်းသည့် ကမ္ဘာ့အကောင်းဆုံးဖေဖေ

၊ မိုးမင်းထွန်း ၊

ဗြိတိန်နိုင်ငံမှ အသက် ၃ နှစ်အရွယ် အက်စ်မီချက်စတာဟာ လွန်ခဲ့တဲ့နှစ်က အသက်အန္တရာယ်ရှိတဲ့ လေသင်တုန်းဖြတ်တာကြောင့် ကျောက်ကပ်ပျက် စီးသွားခဲ့ပါတယ်။

ကျောက်ကပ်ဆေးတာကို တစ်ပတ် ၇ ရက် တစ်နေ့ ၁၂ နာရီ ၁၄ လကြာ လုပ်ခဲ့ရပါတယ်။ ကျောက်ကပ်အသစ်တစ်လုံးရဖို့ အသည်းအသန်လို အပ်ခဲ့ပြီး စမ်းသပ်မှုတွေအပြီးမှာ သူ့ဖခင်ရဲ့ ကျောက်ကပ်နဲ့ လိုက်ဖက်ညီကြောင်း တွေ့ရှိရပါတယ်။

သူ့သမီးလေး ပုံမှန်ဘဝရဖို့ ကူညီနိုင်ကြောင်း သိရှိပြီးနောက်မှာ အသက် ၃၇ နှစ်အရွယ် ဖခင်လီက နှစ်ခါ မစဉ်းစားတော့ဘဲ ကျောက်ကပ်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ကြာသပတေးနေ့က ခွဲစိတ်မှုပြုလုပ်ခဲ့ပြီး ကလေးရော လူကြီးပါ အခြေနေကောင်းကြောင်း သိရပါတယ်။ သမီးလေးက အိပ်ရာထဲမှာ အာလူးပြုတ်ထောင်းတောင် စားနိုင်ပြီဖြစ်ပြီး သူကလည်း အနာရောင်တာကို လျော့ကျဖို့ နွားနို့သောက် သုံးနေရကြောင်း ဖခင်လီက ပြောပါတယ်။

ကျောက်ကပ်လှူဒါန်းတာက ဘယ်မိဘမဆို ပြုလုပ်မယ့်အရာဖြစ်ကြောင်း သူကဆက်ပြောပါတယ်။ သမီးလေးက မကြာခင် ကျန်းမာရေးကောင်းမွန်လာပြီး ပုံမှန်ဘဝကို ရရှိကာ မူကြိုကျောင်းစတင် တက်နိုင်တော့မယ်လို့ မျှော်လင့်ကြောင်း လီကပြောပါတယ်။

(Ref; DM)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top