Healthy Life Ad
Health Tips

ကိုယ်အလေးချိန် ထိန်းနေသူတို့ နံနက်ခင်းတွင် ရှောင်သင့်သော ဖျော်ရည်ငါးမျိုး

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

နံနက်စာဆိုတာ တစ်နေ့တာမှာ မရှိမဖြစ် အရေးပါဆုံးအစာပါ။ ဒါပေမဲ့ သင်က ကိုယ်အလေးချိန် ထိန်းနေရင်တော့ နံနက်ခင်းမှာ ကယ်လိုရီများတဲ့ ဖျော်ရည်တွေကို ရှောင်သင့်ပါတယ်။


(၁) အဆင်သင့် ဖျော်ရည်
အဆင်သင့်ဖျော်ရည်မှာ သကြားပါဝင်မှုများတဲ့အတွက် ကိုယ်အလေးချိန် ထိန်းချုပ်နေချိန်မှာ ဆင်ခြင်သင့်ပါတယ်။


(၂) ငှက်ပျောသီးမစ်ရှိတ်
ကယ်လ်ဆီယမ်နဲ့ ပိုတက်ဆီယမ်တို့ ပါဝင်တဲ့ ငှက်ပျောသီးကို နံနက်စာအဖြစ် စားသင့်ပါတယ်။ ဒါပေမဲ့ ငှက်ပျောသီးမစ်ရှိတ်သောက်ရင် ကယ်လိုရီပါဝင်မှု မြင့်မားတဲ့အတွက် နံနက်စာအဖြစ်မသောက်သင့်ပါဘူး။


(၃) အဆီများသော ဒိန်ချဉ်
ဒိန်ချဉ်မှာ အဆီပါဝင်မှုနည်းပြီး ပရိုတင်းပါဝင်မှု မြင့်မားတဲ့အတွက် သောက်သင့်တာ မှန်ပါတယ်။ အဆီများတဲ့ မလိုင်ပါဒိန်ချဉ်မှာ ကယ်လိုရီ၊ သကြားနဲ့ အဆီပါဝင်မှုများတဲ့အတွက် နံနက်စာအနေနဲ့ သောက်ပေးရင် ကယ်လိုရီ ၂၀ဝ လောက် ပိုမိုရရှိစေပါတယ်။ ရိုးရိုးဒိန်ချဉ်သောက်ရင် ပရိုတင်းဓာတ် ပါဝင်တာကြောင့် အချိန်ကြာကြာ ဗိုက်ပြည့်စေပါတယ်။


(၄) ကော်ဖီ
ဘလက်ကော်ဖီသောက်ရင် ကိုယ်အလေးချိန် လျော့ကျစေပြီး ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေပါတယ်။ ဒါပေမဲ့ နို့ဆီ၊ သကြားတွေနဲ့ ဖျော်ထားတဲ့ ကော်ဖီသောက်ရင် အနည်းဆုံး ကယ်လိုရီ ၂၀ဝ လောက်အထိ မြင့်တက်သွားနိုင်ပါတယ်။


(၅) ချောကလက်နို့
ချောက်လက်က အရသာရှိတာမှန်ပေမယ့် ကိုယ်အလေးချိန် လျော့ကျဖို့ ကြိုးစားနေရင် ပုံမှန်နွားနို့ထက် ချောကလက်နို့က ကယ်လိုရီ ပိုမို ရရှိစေပါတယ်။ ချောကလက်နို့ တစ်ဖန်ခွက်သောက်ရင် ကယ်လိုရီ ၂၀ဝ ကနေ ၂၅၀ အထိ ရနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top