Healthy Life Ad
Life Style

ချစ်သူရဲ့ နောက်ဆုံးစာလွှာ . . .

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ဇင်ဇင်က သူ့ကိုယ်သူ အမြဲမုန်းတီးနေခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက မျက်စိမမြင်တဲ့ မိန်းကလေးတစ်ယောက် ဖြစ်နေလို့ပါ။ အဲဒီအတွက် ဇင်ဇင်က သူချစ်တဲ့ကောင်လေး ကိုနိုင်ကလွဲလို့ လူတိုင်း၊ လူတိုင်းကို မုန်းတီးနေခဲ့ပြန်တယ်။ ကိုနိုင်ကတော့ ဇင်ဇင့်အတွက်အရာရာပါပဲ… ကိုနိုင်ရှိရင် ဇင်ဇင့်အတွက် အားလုံး ပြည့်စုံခဲ့ပါတယ်။

ကိုနိုင်က လက်ထပ်ခွင့်တောင်းတဲ့အခါ ဇင်ဇင်က ကမ္ဘာလောကကြီးကိုသာ မြင်နိုင်ပြီဆိုရင် ကိုနိုင့်ကိုလက်ထပ်မှာ ဖြစ်တယ်လို့ ပြန်ဖြေခဲ့ပါတယ်။ တစ်နေ့မှာတော့ လူတစ်ယောက်က ဇင်ဇင့်အတွက် မျက်စိတစ်စုံ လှူဒါန်းခဲ့တာကြောင် ဇင်ဇင့်က ကိုနိုင်အပါအဝင် အရာရာတိုင်းကို ဇင်ဇင် မြင်နိုင်ခဲ့ပါတယ်။
အဲဒီအခါ ကိုနိုင်က ဇင်ဇင့်ကို မေးပါတယ်။

“အခု ကမ္ဘာလောကကြီးကို မြင်နိုင်ပြီဆိုတော့ မင်း . . ကိုယ့်ကို လက်ထပ်တော့မှာလား”

ဇင်ဇင်က ကိုနိုင့်ကို မြင်လိုက်ရတဲ့အခိုက်မှာတော့ အလွန်အမင်း ထိတ်လန့်သွားပါတော့တယ်။ အို . . ကိုနိုင်ကလည်း မျက်မမြင်တစ်ယောက်ပဲကိုး။ ထိတ်လန့်သွားတဲ့ ဇင်ဇင်က ကိုနိုင်ရဲ့ လက်ထပ်ဖို့ တောင်းခံချက်ကို ခါးခါးသီးသီး ငြင်းဆန်ခဲ့ပါတယ်။

ကိုနိုင်ဟာ ဇင်ဇင်နဲ့ ဝေးရာကိုထွက်သွားပြီး မျက်ရည်တွေ ကျနေခဲ့ပါတယ်။ နောက်ကာလအတော်ကြာတော့ ဇင်ဇင့်ဆီကို စာတစ်စောင် ရောက်လာခဲ့ပါတယ်။

“ကိုယ့်မျက်လုံးတွေကို စောင့်ရှောက်ပေးပါ အချစ်ရယ် . .”တဲ့..။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top