Healthy Life Ad
Child

ဆုံဆို့နာအကြောင်း သိမှတ်ဖွယ်ရာ

ဇွန်ခိုင်ဦး ( ဆေးဝါးတက္ကသိုလ် )

ကလေးမိဘတချို့ဟာ ဆုံဆို့နာရောဂါနဲ့ ပတ်သက်ပြီး သိရှိလိုကြတဲ့အတွက် ဖော်ပြပေးလိုက်ပါတယ်။

ဖြစ်ရသော အကြောင်းရင်းနှင့် ရောဂါလက္ခဏာများ
Corynebacterium diphtheria ဆိုတဲ့ ဘက်တီးရီးယားပိုးတစ်မျိုးကူးစက်တာကြောင့် ဆုံဆို့နာဖြစ်တတ်ပါတယ်။ ဖြစ်ရင် အသက်ရှူရခက်ခဲခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်းတို့ ဖြစ်တတ်ပါတယ်။ အားနည်းတာ၊ လည်ချောင်းနာတာ၊ ဖျားတာ၊ လည်ပင်းရှိ ဂလင်းတွေ ရောင်ရမ်းတဲ့အတွက် လည်ပင်းရောင်တာတို့လည်း ဖြစ်တတ်ပါတယ်။

ကူးစက်ပုံများ
ဘက်တီးရီးယားပိုးက ထုတ်တဲ့ အဆိပ်ကြောင့် အသက်ရှူလမ်းကြောင်းရှိ တစ်သျှူးကောင်းတွေကို ထိခိုက်စေပါတယ်။ အဆိပ်ကသွေးကြောထဲ ရောက်သွားရင် နှလုံး၊ ကျောက်ကပ်နဲ့ အာရုံကြော ထိခိုက်မှုတွေ ဖြစ်စေနိုင်ပါတယ်။

ဆုံဆို့နာဖြစ်သူနဲ့ နီးနီးကပ်ကပ် ထိတွေ့ရင်ကူး တတ်ပါတယ်။ ဆုံဆို့နာဖြစ်သူ ချောင်းဆိုး၊ နှာချေရာမှာ ထွက်လာတဲ့ အမှုန်အမွှားတွေကြောင့် ကူးစက်တတ်သလို တစ်ခါတလေ ဆုံဆို့နာ ဘက်တီးရီးယား ပိုးရှိတဲ့ အရာဝတ္ထုတွေကို ကိုင်တွယ်ထိတွေ့တဲ့အခါမှာလည်း ရောဂါကူးတတ်ပါတယ်။

ကာကွယ်နည်း
ဆုံဆို့နာမဖြစ်အောင် ဆုံဆို့နာရောဂါ ကာကွယ်ဆေးပါတဲ့ ကာကွယ်ဆေးတွေကို အကြိမ်ပြည့် ထိုးနှံ ရပါမယ်။ ဆုံဆို့နာနဲ့ မေးခိုင်ရောဂါ ကာကွယ်ဆေး နှစ်မျိုးပါတဲ့ DT / Td ကာကွယ်ဆေး၊ ဆုံဆို့နာ၊ မေးခိုင်ရောဂါနဲ့ ကြက်ညှာချောင်းဆိုးရောဂါ သုံးမျိုး ပါဝင် တဲ့ DPT၊ လက်ရှိ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်နဲ့ ထိုးနှံနေတဲ့ ငါးမျိုးစပ်ကာကွယ်ဆေး (Penta-valent vaccine)တို့ ဖြစ်ပါတယ်။

ကုသနည်း
ဆုံဆို့နာဖြစ်လာရင် အသက်ရှူလမ်းကြောင်းကတစ်ဆင့် ကူးစက်နိုင်တာကြောင့် သီးသန့်နေထိုင်သင့်ပါတယ်။ ဆေးကုသမှုကို အမြန်ဆုံးခံယူသင့်ပါတယ်။ ကုသမှု မခံယူရင် ရောဂါဖြစ်သူ ၁၀ ဦးအနက် တစ်ဦးဟာ အသက်အန္တရာယ် ထိခိုက်နိုင်ခြေ ရှိနေပါတယ်။
Ref; cdc.myanmarcdc

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top