Healthy Life Ad
Health Tips

နေ့သစ်ကို ရိုးစင်းတဲ့ အလှအပဆိုင်ရာအမူအကျင့်တွေနဲ့ စတင်ကြရအောင်

၊ လရိပ်မေ ၊

မျက်လုံးနှစ်လုံးပွင့်တာနဲ့စတင်ပြီး စိတ်ကသိကအောက် ဖြစ်နေရပြီဆိုရင် အဲဒီအဆိုးမြင် ခံစားချက်ကို ပြောင်းလဲဖို့ တစ်ခုခု လုပ်သင့်နေပါပြီ။ နေ့သစ်တိုင်းကို လှပလန်းဆန်းစွာ အကောင်းမြင်သဘောထားတွေနဲ့ နိုးကြားနိုင်မှ တစ်နေ့တာလုံး ဘာပဲလုပ်လုပ် အဆင်ပြေပျော်ရွှင်ကျေနပ်ရမှာပါ။

– နံနက်ခင်းတွင် ကျေးဇူးတင်စကား ပြောပါ

နံနက် အိပ်ရာထချိန်မှာ အသက်ရှင်ကျန်းမာစွာ နိုးထလာတဲ့အတွက် ကျေးဇူးတင်ကြောင်း (ကိုးကွယ်ရာ ဘာသာအလိုက်) ပြောလိုက်ပါ။ ဒီလိုလုပ်ဆောင်တာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို အားကောင်းစေပါတယ်။ ဒါဆိုရင် ကြွက်သားတွေကိုပျော့ပျောင်းစေပြီး သွေးကြောတွေကို သန်စွမ်းစေပါတယ်။ တစ်နေ့တာ ရှင်သန်ခွင့်ရတဲ့အတွက် ပြုံးရယ်လိုက်ပါ။ ပြုံးရယ်လိုက်တဲ့ အလေ့အထကြောင့်မျက်နှာကြွက်သားတွေကို ပြေလျော့သွားစေပြီး တစ်နေ့တာ စိတ်ချမ်းချမ်းသာသာနေနုင်ပါလိမ့်မည်။

– မျက်နှာကို ရေအေး ပက်ဖျန်းပါ

ရေတစ်ဖန်ခွက်သောက်ပြီးချိန်မှာ မျက်နှာ မသစ်နိုင်သေးရင် ရေခဲသေတ္တာထဲက ရေအေးတစ်ပုလင်းယူပြီး မျက်နှာကို ပက်ဖျန်းလိုက်ပါ။ ဒါဆိုရင်မျက်နှာဖောင်းအစ်မှု လျော့ပါးစေပြီး မျက်နှာကြည်လင်တောက်ပကာ နိုးကြားစေပါတယ်။

– ရေတစ်ဖန်ခွက် သောက်ပါ

ရေသောက်တာကြောင့် အသားအရေကို လှပစေပြီး အသားအရေ စိုပြည်စေပါတယ်။ ရေဓာတ် ခမ်းခြောက်နေရင် စိတ်ကသိကအောက် ဖြစ်ရုံသာမက အသားအရေရဲ့ အရည်အသွေးကို ကောင်းမွန်စေပါတယ်။ တစ်ညတာ အိပ်ရေးဝ၀ အိပ်စက်ပြီးချိန်မှာ ခန္ဒာကိုယ်က ရေဓါတ်ကိုပြန်လည်ဖြည့်တင်း ပေးဖို့ လိုပါတယ်။ ရေတစ်ဖန်ခွက် သောက်လိုက်ရင် ဦးနှောက်ကို လန်းဆန်းစေပြီး ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေပါတယ်။

– လေ့ကျင့်ခန်း လုပ်ပါ

လေ့ကျင့်ခန်းလုပ်တာက အသားအရေ လှပကြည်လင်စေတဲ့ သော့ချက်တစ်ခုပါ။ နံနက်တိုင်း လေ့ကျင့်ခန်းလုပ်ရင်း စွမ်းအင်မြှင့်တင်ပါ။ အပြင်သွားတဲ့အခါ လတ်ဆတ်တဲ့ လေကောင်းလေသန့်ကိုရှူရှိုက်ခွင့်ရပါတယ်။ နံနက်ခင်းမှာ လေ့ကျင့်ခန်းလုပ်တဲ့ အမျိုးသမီးတွေက ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက်အိမ်မောကျစေတယ်လို့ လေ့လာမှုအမျိုးမျိုးအရ သိရပါတယ်။ ညဘက်မှာ အိပ်စက်တာကြောင့် အသားအရေကို အားပြည့်စေပါတယ်။

– အသားအရေကို နေကာခရင်မ်လိမ်းပြီး ကာကွယ်ပါ

ခရမ်းလွန်ရောင်ခြည်ကိုကာကွယ်နိုင်ဖို့ နေကာခရင်မ်ကို လိမ်းသင့်ပါတယ်။ နေ့စဉ် နေကာခရင်မ်လိမ်းတာက အသားအရေ အိုမင်းရင့်ရော်မှုကို ကြန့်ကြာစေပါတယ်။

– ကျန်းမာရေးနှင့် ညီညွတ်သော နံနက်စာကို စားပါ

ပေါင်မုန့်နဲ့ သကြားပါ မုန့်တွေ စားမယ့်အစားဒိန်ချဉ်နဲ့ ကြက်ဥ၊ ဘဲဥတွေကို စားသင့်ပါတယ်။ ပရိုတင်းပါဝင်မှုမြင့်မားတဲ့ နံနက်စာ စားတာကြောင့် အမျိုးသမီးတွေကို ကြာကြာ ဗိုက်ပြည့်စေပါတယ်။ အသားအရေကို ကောင်းမွန်စေတဲ့ ဗီတာမင်စီနဲ့ အီး ပါဝင်မှုများတဲ့ အစာကို စားသင့်ပါတယ်။

– လက်ဖက်စိမ်းလက်ဖက်ရည် သောက်ပါ

ဖလေဗနွိုက်ပါဝင်တဲ့ လက်ဖက်စိမ်းလက်ဖက်ရည်သောက်တာကြောင့် ဆဲလ်ထိခိုက်မှုကို နှေးကွေးစေပါတယ်။ ဒါက ကင်ဆာတချို့ဖြစ်နှုန်းကိုလည်းလျော့ကျစေပါတယ်။

– အင်တီအောက်ဆီးဒင့်ပါသည့် ဆီကြည် (Serum)လိမ်းပါ

အင်တီအောက်ဆီးဒင့်တွေ ဖြစ်တဲ့ ဗီတာမင်စီ၊ဗီတာမင်အီး ခရင်မ်တွေကို လိမ်းတာကြောင့် အရေပြားအိုမင်းစေတဲ့ ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်ပေးနိုင်ပါတယ်။ တစ်နေ့တာ အပြင်သွားတဲ့အခါခရမ်းလွန်ရောင်ခြည်၊ လေထုညစ်ညမ်းမှုနဲ့ ပြင်ပဒဏ်သက်ရောက်မှုတွေကို တွန်းလှန်နိုင်ဖို့ အင်တီအောက်ဆီးဒင့်ပါတဲ့ ခရင်မ်က အသုံးဝင်ပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top