Healthy Life Ad
Health Tips

လမ်းလျှောက်ခြင်းဖြင့် ရရှိနိုင်သည့် ရောဂါကာကွယ်မှုများ

၊ ငွေကြယ်စင်ယံ ၊

နေ့စဉ် ဘယ်မှာမဆိုပြုလုပ်နိုင်တဲ့ လမ်းလျှောက်လေ့ကျင့်ခန်းဟာ သင့်ကို နာတာရှည်ရောဂါတွေ ကင်းဝေးစေမှာ ဖြစ်ပါတယ်။

– နှလုံးရောဂါအမောဖောက်ခြင်း (Heart Attack)
တစ်ပတ်မှာ ၂-၄ နာရီခန့် လမ်းမြန်မြန် လျှောက်ပေးရင် နှလုံးရောဂါထခြင်း ဖြစ်နိုင်ခြေကို ၅၄ ရာခိုင်နှုန်း လျော့ကျစေပါတယ်။

– နှလုံးသွေးကြောကျဉ်းခြင်း
တစ်ပတ်မှာ ခပ်သွက်သွက် လမ်းလျှောက်တာကို သုံးနာရီခန့်ပြုလုပ်ပေးရင် နှလုံးသွေးကြောကျဉ်း ရောဂါဖြစ်နိုင်ခြေကို ၃၀-၄၀ ရာခိုင်နှုန်း လျော့ကျစေပါတယ်။

– အဆုတ်ပွပန်းနာရောဂါ (COPD)
လမ်းလျှောက်ခြင်းလိုလေ့ကျင့်ခန်းကို အသင့်အတင့် ပြုလုပ်ပေးရင် ဆေးလိပ်သောက်သူတွေမှာ နာတာရှည်အဆုတ်ပွပန်းနာရောဂါ ဖြစ်နိုင်ခြေကို ၂၃ ရာခိုင်နှုန်း လျော့ကျစေပါတယ်။

– သွေးတိုးရောဂါ
တစ်ပတ်မှာ ငါးရက်လောက် လမ်းလျှောက်ပေးရင် သွေးတိုးနေသူတွေမှာ သွေးဖိအား ၆ မှတ် လျော့ကျနိုင်ပါတယ်။

– ဆီးချိုသွေးချိုရောဂါ
တစ်ပတ်မှာ အနည်းဆုံး ၃-၄ နာရီခန့် လမ်းလျှောက်ပေးရင် အမျိုးအစား (၂) ဆီးချိုရောဂါနဲ့ သေဆုံးနိုင်ခြေ ၅၄ ရာခိုင်နှုန်း လျော့ကျစေပါတယ်။

– ခါးနာခြင်း
တစ်ပတ်မှာ သုံးနာရီနဲ့အထက် ခပ်သွက်သွက်လမ်းလျှောက်ပေးရင် ခါးနာဝေဒနာခံစားရနိုင်ခြေ ၄၀ ရာခိုင်နှုန်း လျော့ကျစေနိုင်ပါတယ်။ ပုံမှန်လမ်းလျှောက်ပေးရင် အရိုးပါးခြင်းနဲ့ အရိုးအဆစ်ရောင်ရမ်းနာကြောင့် ဖြစ်ရတဲ့ ခါးနာဝေဒနာတွေကိုပါမဖြစ်အောင် ကာကွယ်ပေးပါတယ်။

– နှာခေါင်းမြှေးရောင်ရမ်းခြင်း
နေ့တိုင်းခပ်သွက်သွက် လမ်းလျှောက်ပေးမယ်ဆိုရင် အသက်ရှူလမ်းကြောင်းအပေါ်ပိုင်း ပိုးဝင်နိုင်ခြေကို ၃၀ ရာခိုင်နှုန်း လျော့ကျစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top