Healthy Life Ad
International

လှပနုပျိုသည့် ဂျပန်မော်ဒယ်၏ အသက် အမှန်ကြောင့် တစ်ကမ္ဘာလုံး အံအားသင့်သွား

မိုးမင်းထွန်း
ချောမောလှတဲ့ ဂျပန်မော်ဒယ်ရီဆာဟီရာကိုရဲ့ တောက်ပြောင်တဲ့အသားအရေ၊ လှပနုပျိုတဲ့ပုံပန်း သဏ္ဍာန်ကို အသက် ၂၀ အရွယ်တွေကတောင် အားကျကြပါတယ်။သူက လူမှုမီဒီယာတွေမှာ နာမည်ကျော်ကြားကာ Instagram ပရိသတ် တစ်သိန်းနီးပါးရှိပါတယ်။ သူရဲ့ ကိုယ်ပိုင်ဝက်ဘ်ဆိုက်နဲ့ ဝီကီပီးဒီးယားမှာရေးထားတဲ့ အသက်အမှန်ကြောင့် သူရဲ့ပရိသတ်တွေ အံ့သြတကြီးဖြစ်သွားခဲ့ပါတယ်။

၂၀အရွယ်လောက်သာရှိသေးမယ်လို့ ပရိသတ်တွေက ခန့်မှန်းထားကြပေမယ့် ၁၉၇၁ ခု ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာမွေးဖွားခဲ့တာကြောင့် အခုအခါမှာ အသက် ၄၆ နှစ်အရွယ်ရှိနေပြီ ဖြစ်ပါတယ်။သူက Instagramမှာ ကျန်းမာလှပတဲ့ နေထိုင်မှုစတိုင်ကို ဝေမျှထားပါတယ်။ “သြဂဲနစ်အစားအသောက်တွေကိုသာ စားလေ့ရှိတာက နုပျိုမှုရဲ့အဓိက လျှို့ဝှက်ချက်”လို့ဆိုပါတယ်။

သူရဲ့အကြိုက်ဆုံးအစားအစာက ဟင်းသီးဟင်းရွက်၊ မက်မွန်သီးဖျော်ရည်၊ ငှက်ပျောသီး၊ ပျားရည်ဖျော်ရည်တွေနဲ့ ပုစွန်တုပ်မီးကင်တွေဖြစ်ကြောင်း သိရပါတယ်။


တစ်ခါတစ်ရံ သရေစာအဖြစ် သစ်ခွရေခဲမုန့်နဲ့ ချောကလက်ပူတင်းပူပူတို့ကို စားသုံးလေ့ရှိပါတယ်။ အရေပြားလှပဖို့အတွက် သြဂဲနစ်အလှကုန်တွေကိုသာ သုံးစွဲလေ့ရှိတယ်ဆိုတဲ့အကြောင်း အတုယူလိုသူတွေအတွက် မော်ဒယ်ရီဆာက နည်းလမ်းကောင်းတွေကို ဝေမျှထားပါတယ်။
Ref; DS

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top