Healthy Life Ad
International

အဘိုးကြီးပုံ ပေါက်နေသည့် အသက်လေးနှစ်အရွယ် ကလေးငယ်

မိုးမင်းထွန်း

အသက် ၄ နှစ်အရွယ်ကလေးငယ်လေးဟာ အရွယ်မတိုင်ခင်အိုမင်းတဲ့ရောဂါကြောင့် အသက်၈၀အရွယ်အဘိုးကြီးပုံပေါက်နေပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းမှ ဘရီဇစ်ဟော့စိန်မှာရောင်နေတဲ့ မျက်နှာ၊ မျက်တွင်းဟောက်ပပ်မျက်လုံးတွေ၊ တွဲကျနေတဲ့အရေပြား၊ အဆစ်အမျက် ရောင်ရမ်းတာ၊ ဆီးသွားရခက်တာနဲ့ သွားကျိုးတာစတဲ့ဝေဒနာ တွေခံစားနေရပါတယ်။ ဉာဏ်ရည်က ပျမ်းမျှထက် မြင့်ပေမယ့် အရပ်ထဲက လူတွေက သူကိုရှောင်ကြဉ်ကြပြီး ကလေးတွေက သူ့ကိုကြောက်ကြပါတယ်။ ဘရီဇစ်ရဲ့စိတ်ဖွံ့ဖြိုးမှုက ပုံမှန်ဖြစ်နေပေမယ့် ခန္ဓာကိုယ်အိုမင်းမှုက ရှစ်ဆပိုမြန်နေပါတယ်။

သူက အသက်သုံးနှစ်အရွယ်ရောက်မှ စတင်လမ်းလျှောက်နိုင်ခဲ့ပေမယ့် ၃လအရွယ်ကတည်းက သွားတွေ စုံစုံညီညီပေါက်နေပါပြီ။ ၂၀၁၂ ခုနှစ်က ပုံစံချို့ယွင်းပြီး မွေးဖွားလာခဲ့တာကြောင့် မိဘတွေ ကြေကွဲဝမ်းနည်းခဲ့ကြပါတယ်။ ဆရာဝန်တွေက ကလေးရဲ့ရောဂါကုသနိုင်မယ့် နည်းမရှိကြောင်း ပြောပြခဲ့တာကြောင့် အိမ်ပြန်ခဲ့ရပါတယ်။ ထူးဆန်းတဲ့ ကလေးလေးကို အရပ်ထဲကလူတွေက လာရောက်ကြည့်ရှုခဲ့ကြပြီး မောင်နှမတစ်ဝမ်းကွဲချင်း လက်ထပ်တာကြောင့် ဒီလိုကလေးမျိုးရလာတာလို့ အတင်းပြောကြကြောင်း မိခင်ဖြစ်သူကဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ တောင်အာရှနိုင်ငံတွေရှိ ကျေးလက်ဒေသတွေမှာ မောင်နှမတစ်ဝမ်းကွဲချင်းလက်ထပ်တဲ့ ဓလေ့ရှိကြပြီး ဘရီဇစ်ရဲ့မိဘတွေက အသက် ၁၃ နှစ် အရွယ်ကတည်းက လက်ထပ်ခဲ့ကြတယ်လို့ သိရပါတယ်။ ဘရီဇစ်ရဲ့ဖခင်က ကလေးကိုကုသဖို့ ဆရာဝန် အမျိုးမျိုးနဲ့ပြသခဲ့ပြီး သက်သာလာခြင်းမရှိခဲ့ကြောင်း ပြောပြပါတယ်။ တခြားမိဘတွေလိုပဲ ကလေးကျန်းမာ အသက်ရှည်တာကိုမြင်လိုကြောင်း သူက ဆက်ပြောပါတယ်။ အရွယ်မတိုင်ခင် အိုမင်းတဲ့ရောဂါရှိသူတွေဟာ ပျမ်းမျှ အသက် ၁၃ နှစ်အထိသာ အသက်ရှင်လေ့ရှိပြီး နှလုံးရောဂါနဲ့လေဖြတ်တာတို့ကြောင့် အသက်ဆုံးရှုံးလေ့ရှိကြောင်းသိရပါတယ်။
Ref; DM

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top