Healthy Life Ad
Q & A

သေခါနီး ခွေးတစ်ကောင်အား နောက်ဆုံးနှုတ်ဆက်သည့်အနေဖြင့် အမေရိကန်ပြည်နယ်စုံ လိုက်လံပြသ

၊ မိုးမင်းထွန်း ၊

အမေရိကန် မရိမ်းတပ်သားဟောင်းတစ်ယောက်က အသက်သေဆုံးတော့မယ့် သူရဲ့အချစ်တော် ချောကလက်ရောင်လာဘရာဒိုခွေးလေးကို ဝေဒနာသက်သာအောင် ဆေးထိုးသတ်ပေးခြင်းကို လက်မခံခဲ့ဘဲ နှုတ်ဆက်ခရီးတစ်ခုကို စတင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၉နှစ်က မွေးစားခဲ့တဲ့ သူရဲ့ခွေးကလေး ဘယ်လာနဲ့အတူ ချီကာဂိုမှ စတင်ခရီးထွက်ခဲ့ပြီး အမေရိကန်အရှေ့ပိုင်းတစ်လျှောက်ဆက်လက် ခရီးသွားနေခဲ့ပါတယ်။

ပြီးခဲ့နှစ် မေလက ဘယ်လာရဲ့ပခုံးဒဏ်ရာကို သွားရောက်ဆေးကုခဲ့ချိန်မှာ ခွေးမှာကင်ဆာရောဂါရှိနေကြောင်း သိရှိခဲ့ပါတယ်။ ကင်ဆာရောဂါဟာ နောက်ဆုံးအဆင့်ရောက်ရှိနေပြီဖြစ်ပြီး ဒီအတိုင်း ခွေးကလေးသေမှာကို စောင့်ကြည့်မလား ဒါမှမဟုတ် ဝေဒနာသက်သာအောင် ဆေးထိုးသတ်နည်းသုံးမလားဆိုတာကို ဆရာဝန်တွေက သူကိုဆုံးဖြတ်ခိုင်းခဲ့ပါတယ်။ တစ်နေ့တစ်နေ့ အိမ်ပြန်လာချိန်မှာ သေဆုံးနေတဲ့ခွေးလေးကိုမြင်ဖို့ ခွန်အားမရှိဘူးလို့ ခွေးပိုင်ရှင်ရော ဘတ်ကက်ဂလာကပြောပါတယ်။

သူတို့က နီဗရားစကားရှိနေအိမ်မှ စတင်ခရီးထွက်ခဲ့ပြီး ကလိလန်း၊ နိုင်ရာဂရာရေတံခွန်၊ ဖီလာဒဲလ်ဖီးယား၊ အလက်ဇန်းဒီးယား၊ ဝါရှင်တန်ဒီစီ၊ ဂျော်ဂျီယာ၊ တောင်ပိုင်းကမ်းခြေဒေသနဲ့ ဖလော်ရီဒါမှ နေရာအတော်များများကို ရောက်ရှိခဲ့ပါတယ်။ လမ်းတစ်လျှောက် သူတို့က စခန်းချနားနေတာ၊ ရေကူးတာ၊ မုန့်အတူစားတာနဲ့ ဘေ့စ်ဘောကစားပွဲ ဝင်ရောက်ကြည့်ရှူတာတို့ကို ပြုလုပ်ခဲ့ကြပါတယ်။ ခရီးလမ်းတစ်လျှောက်မှာ မိတ်ဆွေတွေနဲ့ လူစိမ်းတချို့တို့ကလည်း သူတို့ကို အကူအညီပေးခဲ့ကြပါတယ်။ တိရစ္ဆာန်ဆရာဝန်တွေက ဘယ်လာဟာ ၆ လပဲ အသက်ရှင်တော့မယ်လို့ ပြောကြားခဲ့ပေမယ့် လက်ရှိ ၁၄ လကြာတဲ့အထိ ကျန်းမာနေသေးတယ်လို့ ရောဘတ်ကပြောပြပါတယ်။

၂၀ဝ၇ခုနှစ်က အီရတ်စစ်ပွဲအတွင်းမှာ သူ့အစ်ကိုကို ဆုံးရှုံးခဲ့ရသလို လွန်ခဲ့ ၂နှစ်က ကားမတော်တဆမှုတစ်ခုအတွင်း သူရဲ့အစ်မဟာလည်း သေဆုံးသွားခဲ့ပါတယ်။ အိမ်မက်တွေ အကောင်အထည်မဖော်ရသေးခင် ရုတ်တရက်ခွဲခွာသွားသူတွေကို တွေ့ကြုံခဲ့ရတာကြောင့် သူရဲ့ဘဝအမြင် ပြောင်းခဲ့ရကြောင်း သူက ဆက်ပြောပြပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top