Healthy Life Ad
Q & A

ဂရင်ဂျီနာ ပြန်ဖြစ်မှာစိုး . . .

မေး ။ ။ ကျွန်တော်က လွန်ခဲ့တဲ့ သုံးနှစ်က ဂရင်ဂျီနာဖြစ်ပြီး ခွဲစိတ်ကုသမှု ခံယူပြီးသားပါ။ နောက်ထပ်တစ်ခါဂရင်ဂျီနာ ပြန်ဖြစ်မှာစိုးလို့ မဖြစ်အောင် ဘယ်လိုကာကွယ်သင့်ပါသလဲ ကျေးဇူးပြုပြီး ဖြေကြားပေးပါ။
ဦးဝင်းထွေး၊ သာကေတ။

ပါမောက္ခဦးအေးမွန် (ခွဲစိတ်ဆရာဝန်ကြီး) မှ ဖြေကြားပေးခြင်းဖြစ်ပါသည်။

ဖြေ ။ ။ ဂရင်ဂျီနာပြန်မဖြစ်အောင် ကာကွယ်နည်းရယ်လို့တော့ အတိအကျမရှိပေမယ့် အောက်ပါအချက်တွေကိုတော့ လိုက်နာသင့်ပါတယ်။

1.အဓိကကတော့ တစ်ကိုယ်ရေသန့်ရှင်းရေးကောင်းမွန်အောင် ဂရုစိုက်ဖို့လိုပါတယ်။

2.ဝမ်းသွားပြီးတဲ့အခါမှာ စအိုတစ်ဝိုက်ကို နူးညံ့တဲတစ်သျှူးစနဲ့ ရေကိုသုံးပြီး သန့်ရှင်းစင်ကြယ်အောင်ဆေးကြောသုတ်သင်ပေးရပါမယ်။

3.အတွင်းခံဘောင်းဘီကလည်း ခြောက်သွေ့ပြီးသန့်ရှင်းစင်ကြယ်နေဖို့ လိုပါတယ်။

4.မသန့်ရှင်းတဲ့ လက်နဲ့ စအိုကို ကုတ်တာမျိုး မလုပ်သင့်ပါဘူး။

5.စအိုကွဲနာ(Anal Fissure )နဲ့ လိပ်ခေါင်းရှိရင်လည်း ဂရင်ဂျီနာဖြစ်စေနိုင်တာကြောင့် အဲဒီရောဂါတွေကို သေချာ ကုသမှုခံယူဖို့ လိုပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top