Healthy Life Ad
Child

အချစ်ရဆုံးသမီးအတွက် ဖေဖေရဲ့ ပေးစာ . . .

ဇွန်ခိုင်ဦး ( ဆေးဝါးတက္ကသိုလ် )

အဖိုးအနဂ္ဃ ထိုက်တန်တဲ့ သမီးလေးရေ. .
အခုပဲ သမီးမေမေနဲ့ ဖေဖေတို့ အင်တာနက် သုံးနေကြတယ်။ “ အမျိုးသား စိတ်ဝင်စားလာအောင် ဘယ်လိုဆွဲဆောင်ရမလဲ ”ဆိုတဲ့ ဆောင်းပါးကိုဖတ်ရင်း ဖေဖေ စိတ်တိုမိတယ် သမီး..

ဖေဖေ့သမီးလေးဟာ ဒီလိုမျိုး အမျိုးသားတစ်ယောက် မကြိုက်ကြိုက်အောင်၊ စိတ်ဝင်စားလာအောင် ဆွဲဆောင်တဲ့ အပြုအမူမျိုးကို တမင်လုပ်ယူနေစရာမလိုဘူး . . သမီးလေးက ကိုယ့်စိတ်ခံစားမှုအတိုင်း နေဖို့ပဲ . .

သမီးဘာသာ သမီး ပင်ကိုအပြုအမူအတိုင်း နေထိုင်တာက စိတ်ဝင်စားစရာ၊ ချစ်စရာကောင်း နေပြီးသားပဲ . . ပြီးတော့ သမီးရဲ့ ပင်ကိုအမူအရာ၊ ပင်ကို ပုံစံလေးကိုပဲ ချစ်ခင်စုံမက်မယ့်သူမျိုးကိုသာ သမီးရဲ့ ဖူးစာရှင်ဖြစ်လာဖို့ ဖေဖေတို့ လိုလားတယ် သမီး . .

သမီးလေးမှာသာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်ဆိုရင် ကမ္ဘာလောကကြီးမှာ အကောင်းဆုံးသော အာရုံခံစားမှုတိုင်း သမီးဆီမှာ ရှိနေလိမ့်မယ်။ ဒါကြောင့် ယောကျာ်းတစ်ယောက် ကြိုက်လာအောင် သမီးလေးအနေနဲ့ အချိန်ကုန်ခံစရာ မလိုပါဘူး။

သမီးလေးရေ . . .
တကယ်လို့များ သမီးလေးရဲ့ ဖူးစာရှင်က ဖေဖေတို့နဲ့ ညစာစားကြတဲ့အခါ သူ့လက်တံတောင်ကို စားပွဲပေါ်တင်ပြီး သမီးပြုံးလိုက်တိုင်း သမီးလေး နှာခေါင်းကို တစ်ချိန်လုံး ငေးကြည့်တဲ့ အပြုအမူမျိုး လုပ်နေရင်လည်း ဖေဖေ စိတ်မဆိုးပါဘူး။

တကယ်လို့ သမီးလေးရဲ့ ခင်ပွန်းက ဖေဖေနဲ့ အတူ ဂေါက်မရိုက်နိုင်ဘူး၊ သမီးတို့က မွေးလာတဲ့ ချစ်စဖွယ် ကလေးလေးတွေနဲ့ပဲ ကစားမယ်ဆိုရင်လည်း ဖေဖေ စိတ်မဆိုးပါဘူး။

တကယ်လို့ နံနက်တိုင်း နောက်ကျမှ အိပ်ရာထပြီး သမီးလေးရဲ့ ခင်ပွန်းက အိမ်ရဲ့ အကြီးအကဲနေရာကိုယူမယ်ဆိုရင်လည်း ဖေဖေ စိတ်မဆိုးပါဘူး။

တကယ်တော့ သမီးလေးရယ်.. သမီးရဲ့ ဖူးစာရှင်က ဖေဖေ့လိုပဲ ဘဝမှာ အရေးကြီးဆုံး အရာက “သမီးလေး”ပဲလို့ သဘောထားလက်ခံတယ်ဆိုရင် ဖေဖေအကျေနပ်ကြီး ကျေနပ်ပါပြီ … ။

သင့်ကို ထာဝရ စိတ်ဝင်စားနေမယ့်သူ . .ဖေဖေ။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top