Healthy Life Ad
Health Tips

၀က်ခြံအထွက်များလျှင်

ဝက်ခြံအထွက်များသူတွေ လိုက်နာသင့်တဲ့ အချက်တွေကတော့-

(၁) အာဟာရ
ကျန်းမာစေမယ့် အာဟာရ စားရပါမယ်။ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးတွေကို စားရပါမယ်။ လိုအပ်တဲ့ ဗီတာမင်တွေ စားရပါမယ်။

(၂) အစားအသောက်
ချောကလက်နဲ့ အဆီများတဲ့ အစားအသောက်တွေက ဝက်ခြံကို ပိုဆိုးစေတယ်ဆိုတဲ့ သက်သေအထောက်အထား မတွေ့ရသေးပါဘူး။ ဒါပေမဲ့ ဝက်ခြံထွက်သူတွေက အဆီ၊ အချိုနဲ့ ပင်လယ်စာကို လျှော့စားသင့်ပါတယ်။ အရက်နဲ့ ဆေးလိပ် ရှောင်သင့်ပါတယ်။

(၃) စိတ်ဖိစီးမှု
စိတ်ဖိစီးမှုများရင် မျက်နှာပေါ်မှာ ဝက်ခြံနဲ့ တခြားအဖုအပိမ့်တွေ ထွက်နိုင်ခြေများပါတယ်။ စိတ်ဖိစီးမှုကို ထိန်းချုပ်ပြီး စိတ်အပန်းပြေအောင် နေသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top