Healthy Life Ad
Health Tips

စိတ်ချမ်းသာစွာ အသက်ရှည်လိုလျှင်

၊ ငွေကြယ်စင်ယံ ၊

– နေ့စဉ် အစာစားခြင်းနှင့် ပတ်သက်၍

(၁) အမျှင်ဓာတ် ပါဝင်မှုများတဲ့ အစာကိုရှာဖွေ စားသောက်ပါ။

(၂) ပရိုတင်းနဲ့အဆီပါဝင်မှုများတဲ့ နံနက်စာ ကိုစားပါ။ တစ်နေ့တာရဲ့ ပုံမှန်အချိန်တွေမှာ အစာနဲ့ သရေစာကို စားပါ။

(၃) နံနက်စာကို ဘယ်တော့မှ မစားဘဲမနေပါနဲ့။

(၄) တတ်နိုင်ရင် ဟင်းသီးဟင်းရွက်ဆီအစား သံလွင်ဆီ စားပေးပါ။

(၄) မတ်တပ်ရပ်နေစဉ် အစာမစားပါနဲ့။

(၅) နေ့စဉ် ကြက်သွန်နီ အနည်းဆုံး နှစ်လုံးပါဝင်အောင် စားပါ။

– နေ့စဉ် နေထိုင်မှုနှင့် ပတ်သက်၍

(၁) အပြုသဘောဆောင်တဲ့ စကားမပြောနိုင်ဘူးဆိုရင် အနည်းဆုံးတိတ်တိတ်ဆိတ်ဆိတ်နေပေးပါ။

(၂) အဆိုးမြင်တဲ့ အတွေးတွေက သင့်ဘဝကို ဘယ်တော့မှ အကောင်းဖြစ်စေမှာ မဟုတ်ပါဘူး။

(၃) လူတွေနဲ့တွေ့တဲ့အခါ စကားအပြောအဆို ဆင်ခြင်ပါ၊ လူတွေက သင့်ပြောစကားအမှားအတွက် ခွင့်လွှတ်ချင်ခွင့်လွှတ်မယ်၊ မေ့သွားမှာတော့ မဟုတ်ပါဘူး။

(၄) တစ်နေ့မှာ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူရမယ့် အပြုအမူ အနည်းဆုံး တစ်ခုတော့ လုပ်ပေးပါ။

(၅) သင့်နောက်ကွယ်မှာ ပြောနေကြတဲ့ အတင်းအဖျင်းတွေအတွက် စိတ်ပူမနေပါနဲ့။ သူတို့က သင့်နောက်မှာ ရှိနေလို့ ဖြစ်ပါတယ်။

(၆) သင့်ကို မနာလိုဖြစ်နေသူတွေကို ဘယ်တော့မှ မမုန်းလိုက်ပါနဲ့။ သူတို့ထက် သင်က တော်နေလို့ပဲ ဖြစ်ပါတယ်။

(၇) ပျော်ချင်ရင် တခြားသူတွေနဲ့ မနှိုင်းယှဉ်ပါနဲ့။

(၈) များများ ပြုံးပါ၊ များများ ရယ်ပါ။ ပြုံးတာနဲ့ ရယ်တာက သဘာဝ စိတ်ကျရောဂါကုသဆေးတွေ ဖြစ်ပါတယ်။

(၉) အရေပြားကို နေခြည်နုနု ထိတွေ့ခွင့် ပေးပါ။ ဒါပေမဲ့ နေလောင်ဒဏ်ရာတော့ မရပါစေနဲ့။

– နေ့စဉ် သောက်သုံးခြင်းနှင့်ပတ်သက်၍

(၁) ခန္ဓာကိုယ်အလေးချိန်ရဲ့ ထက်ဝက်ကို အောင်စဖွဲ့ပြီး ရလာတဲ့ ပမာဏအတိုင်း ရေသောက်ပါ။ ဥပမာ ကိုယ်အလေးချိန် ပေါင် ၁၀ဝ ရှိရင် ၅၀ အောင်စရှိပါတယ်။ ရေ ၅၀ အောင်စကို အစာစားချိန် တစ်ချိန်နဲ့ တစ်ချိန်ကြား သောက်ပါ၊ အိပ်ရာမဝင်ခင် နှစ်နာရီအလိုမှာ ရေမသောက်ပါနဲ့တော့။

(၂) အရက်သောက်တဲ့အခါ အိပ်စက်မှုကို ဆိုးဆိုးရွားရွားထိခိုက်စေပြီး သွေးတွင်း သကြားဓာတ်ကို မတည်မငြိမ် ဖြစ်စေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top