Healthy Life Ad
Health Tips

သင့်ပတ်ဝန်းကျင်ကို သန့်ရှင်းသင်းပျံ့သွားစေမည့် သဘာဝပစ္စည်းများ

လရိပ်မေ

သံပရာသီး၊ ဝါဂွမ်းစနဲ့ ရှလကာရည်တို့လို အိမ်တွင်းသဘာဝပစ္စည်းတွေကိုသုံးပြီး အနံအသက်ဆိုးတွေကို ဖယ်ရှားနိုင်ပါတယ်။

– ကြောင်အိမ်နှင့် ရေချိုးခန်း အနံဆိုးထွက်နေလျှင် သံပရာသီးကို သုံးပါ
ကြောင်အိမ်နဲ့ ရေချိုးခန်းက အနံ့ဆိုးထွက်နေရင် သံပရာသီးတစ်လုံးကို ထက်ခြမ်းခြမ်းပြီး ပန်းကန်ပြားတစ်ချပ်စီမှာ တစ်ခြမ်းစီထည့်ကာ ထားရှိပေးပါ။ အနံ့ဆိုးများကင်းစင်ပြီး သံပရာနံ့မွှေးပျံ့ နေပါလိမ့်မယ်။

– ကားထဲမှာ စီးကရက်နံ့နှင့် ဖုန်နံ့ နံနေလျှင် ချည်သားအခင်းကို သုံးပါ
ကားထဲမှာစီးကရက်နံ့၊ မှိုနံ့၊ ဖုန်နံ့ စတဲ့ အနံ့တွေ စွဲနေရင် ကားထိုင်ခုံအခင်းတွေကို ချည်သားအခင်း ပြောင်းစွပ်လိုက်ပါ။

– စာအုပ်၊ ရှူးဖိနပ်နဲ့ ပလတ်စတစ်ဘူးများ ငါးညှီနံ့ ထွက်နေလျှင် အအေးခန်းကို သုံးပါ
စာအုပ်၊ ရှူးဖိနပ်နဲ့ ပလတ်စတစ်ဘူးတွေ ငါးညှီနံ့လို အနံ့ဆိုးထွက်နေရင် ရေခဲသေတ္တာ အအေးခန်းထဲမှာ တစ်ညတာ ထားလိုက်ပါ။ နံနက်ခင်းရောက်ရင် လတ်ဆတ်နေပါလိမ့်မယ်။ စာအုပ်နဲ့တခြား အသုံးအဆောင်တွေကို ရေမစိုအောင် ပလတ်စတစ်အကြည်နဲ့ သေချာဖုံးအုပ်ကာထည့်ပါ။

– ရေခဲသေတ္တာ အနံ့နံနေလျှင် ရနံ့ဆီနှင့် ဝါဂွမ်းစကို သုံးပါ
စားသောက်ဖွယ်ရာ ပစ္စည်းမျိုးစုံထည့်တဲ့ ရေခဲသေတ္တာက တစ်ခါတစ်ရံ အနံ့ဆိုးထွက်နေတတ်ပါတယ်။ ဗနီလာရနံ့ဆီစွတ်ထားတဲ့ ဝါဂွမ်းစကို ရေခဲသေတ္တာစင်တစ်ခုပေါ်တင်ထားလိုက်ပါ။ အနံ့သင်းပျံ့ သွားပါလိမ့်မယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top