Healthy Life Ad
International

ကင်ဆာဝေဒနာရှင်သူငယ်ချင်း၏ ကလေးခြောက်ယောက်ကို မွေးစားလိုက်သည့် ကတိတည်သူ အမျိုးသမီး

မိုးမင်းထွန်း

အမေရိကန်ပြည်ထောင်စု၊ ဗာဂျီးနီးယားမှ ကလေး ၃ ယောက်မိခင် စတက်ဖနီကာလေက ကလေး ၆ယောက်ကို မွေးစားလိုက်ခြင်းဖြင့် အထက်တန်းကျောင်း သူငယ်ချင်းရဲ့သေခါနီးဆန္ဒကို ဖြည့်ဆည်းပေးလိုက်ပါတယ်။

သူရဲ့ သူငယ်ချင်း၊ ဖခင်မရှိတဲ့ ကလေးခြောက်ယောက်မိခင် ဘက်လိတ်ကပ်ဟာ နှစ်ပေါင်းများစွာကြာ ကင်ဆာရောဂါကို အံတုရင်ဆိုင်ခဲ့ပြီးနောက် လွန်ခဲ့တဲ့ မေလ ၁၉ ရက်နေ့က ကွယ်လွန်သွားခဲ့ပါတယ်။ ရင်သားကင်ဆာခံစားနေရတဲ့ဘက်က မကွယ်လွန်ခင်မှာ သူရဲ့ကလေးခြောက်ယောက်ကို မွေးစားပေးဖို့ တောင်းဆိုခဲ့ကြောင်း ကာလေကပြောပါတယ်။ ဘက်ရဲ့ကလေးတွေကလည်း သူတို့မိခင်မရှိတဲ့ အချိန်မှာ ကာလေနဲ့အတူနေထိုင်ဖို့ ဆန္ဒရှိကြပါတယ်။ ဒါကြောင့် ကာလေက အသက် ၁၅ နှစ်ကနေ ၁ နှစ် သားအရွယ်ထိရှိတဲ့ ကလေး ၆ယောက်ကို မွေးစားပေးခဲ့ပါတယ်။

သူနဲ့ဘက်တို့ဟာ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ကြပါတယ်။ ဘက်ရဲ့ကလေးတွေနဲ့ရင်းနှီးရုံသာမက ဘက်မကွယ်လွန်ခင်ကတည်းက သူတို့ဟာ မိသားစုတစ်စုတည်းလို ချစ်ခင်ကြပါတယ်။ ဘက်ကွယ်လွန်ချိန်မှာ ကလေးတွေရဲ့ အုပ်ထိန်းသူပြုလုပ်ပေးဖို့တာဝန်ရှိကြောင်း ကာလေကပြောပါတယ်။ သူရဲ့ ခင်ပွန်းကလည်း လိုလိုလားလား သဘောတူပေး ခဲ့ပါတယ်။

ဘက်က တတ်နိုင်သလောက် ကင်ဆာရော ဂါကိုအံတုဖို့ ကြိုးစားခဲ့ ပေမယ့် နောက်ဆုံးမှာ လက်လျှော့ခဲ့ရကြောင်းနဲ့ အကူအညီပေးသူအားလုံး ကိုကျေးဇူးတင်ကြောင်း ကာလေက ဆိုပါတယ်။ ဘက်တို့ မိသားစုဟာ လူသားချင်းစာနာတဲ့အကူ အညီတွေရရှိခဲ့ပြီး အခု အချိန်အထိ အမေရိကန် ဒေါ်လာ ၆ယ၆၉၀ဝ အလှူ ငွေရရှိခဲ့တယ်လို့ သိရပါတယ်။
Ref; AP

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top