Healthy Life Ad
Q & A

Metformin ရဲ့ နောက်ဆက်တွဲ ဆိုးကျိုး

မေး။ ။ ကျွန်တော်က ဆီးချိုဆေး Metformin 500 mg မနက်တစ်လုံး ညတစ်လုံး သောက်ရပါတယ်။အဲဒီ့ဆေးက နောက်ဆက်တွဲ ဆိုးကျိုးတွေ ပေးနိုင်ပါသလား ခင်ဗျ။
အောင်ကျော်ဦး(FB)

ပါမောက္ခဦးကိုကို (ဆီးချိုသွေးချိုရောဂါအထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ။ ။ Metformin ဆေးက နောက်ဆက်တွဲဆိုးကျိုး မရှိသလောက် ရှားပါတယ်။ မက်ဖော်မင်ဆေးက တချို့လူတွေမှာ ပျို့တာ၊ အန်တာ၊ အစားအသောက် နည်းနည်းပျက်တာကလွဲလို့ ကျန်တာ ဘာမှမဖြစ် တတ်ပါဘူး။ကျောက်ကပ်အားနည်းလို့ Serum Certinine ၁.၅ ကျော်ရင်တော့ မက်ဖော်မင်ဆေးကို ဖြုတ်ရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top