ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) အမျိုးသမီးရောဂါနှင့် မက်ဖော်မင် မက်ဖော်မင်ဟာ ဝတဲ့အမျိုးသမီးတွေအတွက် အသုံးကျတဲ့ဆေးတစ်ခုဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင် ဆီးချို DM နဲ့ ရာသီမမှန်တဲ့ PCOS ရောဂါတွေမှာလည်း သုံးနိုင်ပါတယ်။ PCOS (အရှည်ကောက် polycystic ovary syndrome) ကတော့...
မေး. ဆီးချိုဖြစ်တာ ၄နှစ်လောက်ရှိပါပြီ။ meformin 500mg ကို တနေ့နှစ်ကြိမ်လောက် သောက်ပါတယ်။ အခု ဆီးချိုက ၂၅၀-၃၀ဝလောက်ရှိပါတယ်။ အခုတလော လေပွပြီး အစားမစားချင်ဖြစ်နေပါတယ်။ ဆရာဝန်ကိုပြကြည့်တော့ metformin သောက်တာကြာလို့ လေပွတဲ့ပြဿနာဖြစ်တာပါလို့ပြောပါတယ်။ ဆီးချိုသွေးချိုဆရာဝန်ကြီးပြောသလို metformin သောက်တာကြာရင် အဲ့လိုဖြစ်တတ်ပါသလား။...
ပါမောက္ခဒေါ်သန်းသန်းအေး(ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) ယခင်တစ်ပတ်မှအဆက် ၄။ မက်ဖော်မင်ဘဲသောက်နေပြီး မိမိကိုယ် မိမိစောင့်ရှောက်ခြင်း (Self Care) ကို မလုပ်တတ်ခြင်း၊ မလုပ်ဖြစ်ခြင်း။ ဆီးချိုစင်တာရှိရာသွားရောက်မှသာ လူနာတွေကို “မိမိကိုယ်တိုင်စောင့်ရှောက်ခြင်း”များပြုလုပ်နိုင်ရန် သင်ကြားပေးမှာဖြစ်ပါတယ်။ မိမိကိုယ်မိမိ ဘာတွေစောင့်ရှောက်ရမလဲဆိုရင် . . . (က)...
ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) “မက်ဖော်မင် မနက်တစ်လုံး၊ ညနေတစ်လုံး အမြဲသောက်နေပါတယ်။” ဒါကတော့ နေ့စဉ်ကြားနေရတဲ့ ဆီးချိုသွေးချိုလူနာတွေရဲ့ ဖြေကြားသံလေးတွေကို ပဲ့တင်ထပ်ပြီးပြန်ပြောလိုက်ရခြင်း ဖြစ်ပါတယ်။ ထပ်ခါတလဲလဲကြားနေကျဖြစ်ပြီး လူနာအသစ်ရောက်လာတိုင်း ဒီလေသံမျိုးထပ်ကြားရဦးမယ်ဆိုတာ ကြိုတင်ခန့်မှန်းလို့ရနေပါတယ်။ ဒီလောက် ထပ်တူထပ်မျှတူညီနေတဲ့ “မက်ဖော်မင် မနက်တစ်လုံး၊ ညနေတစ်လုံး”...
မေး။ ။ ကျွန်တော်က ဆီးချိုဆေး Metformin 500 mg မနက်တစ်လုံး ညတစ်လုံး သောက်ရပါတယ်။အဲဒီ့ဆေးက နောက်ဆက်တွဲ ဆိုးကျိုးတွေ ပေးနိုင်ပါသလား ခင်ဗျ။ အောင်ကျော်ဦး(FB) ပါမောက္ခဦးကိုကို (ဆီးချိုသွေးချိုရောဂါအထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ဖြေ။ ။ Metformin ဆေးက...
ပါမောက္ခဒေါ်သန်းသန်းအေး ဆီးချိုနှင့် အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး သွေးချိုအကျလွန်တဲ့ အဖြစ်အပျက်လေး တစ်ခုအကြောင်းကို စာဖတ်သူတွေ မှတ်မိနားလည်စေဖို့ အတွေ့အကြုံလေးတစ်ခုကို ဖော်ပြလိုက်ပါတယ်။ တစ်ခါက အသက် ၇၀ အရွယ်လူနာ ဦးတင်ရွှေဟာ သတိလစ်ပြီး အိပ်ပျော်သလိုဖြစ်နေတာ တစ်ရက်နီးပါး ရှိသွားတဲ့အတွက် သမီးဖြစ်သူမပြုံးက အရေးပေါ်အနေနဲ့...
ပါမောက္ခ ဒေါ်သန်းသန်းအေး ဆီးချိုနှင့် အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး ယခင်တစ်ပတ်မှအဆက် သွေးချိုမြင့်မားတာကြောင့် ရရှိတဲ့ ဆိုးကျိုးက ပိုအတွေ့များတယ်၊ တဖြည်းဖြည်းချင်း ဖြစ်တယ်၊ သူ့ကြောင့်ဖြစ်မှန်းတောင် မသိကြတဲ့သူတွေ အများကြီး ရှိပါတယ်။ ဒါက”အနှေးလူသတ်သမား”ဖြစ်ပါတယ်။ တခြား တစ်ဖက်မှာလည်း သွေးချိုအကျလွန်တဲ့ ဆိုးကျိုးဟာ အဖြစ်နည်းပေမယ့်...
သာမန်လူတွေမှာ သွေးတွင်းအချိုဓာတ် (Blood Glucose)တွေဟာ သတ်မှတ်ထားတဲ့ ဘောင်အတွင်းမှာပဲ ရှိသင့်ပါတယ်။ သွေးချိုတွေ သိပ်များနေရင် တာရှည်မှာမကောင်းတဲ့ ဆိုးကျိုးတွေ အမြန်ဆုံး ကိုယ့်ရှေ့ကို ရောက်လာမှာဖြစ်ပြီး တစ်ဖက်မှာလည်း သွေးချိုဓာတ်တွေ သိပ်နိမ့်ကျသွားရင် သတိလစ်ပြီး ဆိုးရွားတဲ့နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်လည်း ဆီးချိုသွေးချို...