Healthy Life Ad
International

လှုပ်ခါသည့် ဆေးတောင့်မျိုချခြင်းဖြင့် အစာကြေညက်မှုကောင်းကာ ဝမ်းချုပ်ခြင်းသက်သာစေနိုင်

၊ ကိုထက် ၊

လှုပ်ခါနိုင်တဲ့ ဆေးတောင့်ကိုမျိုချရုံနဲ့ နာတာရှည်ဝမ်းချုပ်တဲ့ ဝေဒနာသက်သာစေနိုင်မှာဖြစ်တယ်လို့ လေ့လာမှုအရ သိရပါတယ်။ ဒီဆေးကအူမကြီးကို လှုပ်ခါဖို့ရည်ရွယ်ထားပြီး အစာအိမ်ကျုံ့ဆန့်မှုကို လှုံ့ဆော်ကာ အစာကြေအောင် ကူညီပေးမှာဖြစ်ပါတယ်။

ငါးကြေးဆီဆေးတောင့် အရွယ်ရှိတဲ့ ဒီဆေးတောင့်ကို တစ်ပတ်မှာ ငါးကြိမ်မျိုချရင် ဝမ်းချုပ်လွန်းသူတွေမှာ အူလှုပ်ရှားမှုကို နှစ်ဆပိုကောင်းစေမှာဖြစ်တယ်လို့ လေ့လာမှုအရတွေ့ရပါတယ်။

ဒီဆေးတောင့်ရဲ့ စိတ်ချရမှုနဲ့ထိရောက်မှုကို စမ်းသပ်လေ့လာနေပြီး စိတ်ချရရင် သုံးနှစ်အတွင်းရရှိမှာဖြစ်တယ်လို့ ဂျော်ဂျီယာရှိအော်ဂတ်စ်တာ တက္ကသိုလ်မှာ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ ဒီဆေးတောင့်ကို နာတာရှည်ဝမ်းချုပ်တဲ့ လူနာ ၂၄၅ ဦးမှာ စမ်းသပ်ပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။ လေ့လာမှုမှာ ပါဝင်သူတွေက တစ်ပတ်မှာ ဆေးတောင့် ငါးတောင့်နှုန်းနဲ့ နှစ်လကြာမှီဝဲခဲ့ပြီး အိပ်ရာမဝင်ခင် မျိုချရတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလှုပ်ခါတဲ့ ဆေးတောင့်က တစ်ရက်နဲ့ နှစ်ရက်အကြားမှာ ပြန်စွန့်ထုတ်လေ့ရှိတယ်လို့ သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top