Healthy Life Ad
Life Style

မိဘဟူသည်…

စူး( ဆေးဝါးတက္ကသိုလ် )

ကောင်လေးတစ်ယောက်က နေ့တိုင်းကြီးမားတဲ့ သရက်ပင်တစ်ပင်ဆီကို လာပြီး ကစားလေ့ရှိတယ်။ သရက်ပင်ပေါ်တက်တယ်၊ သရက်သီးစားတယ်၊ သရက်ပင်ရိပ်အောက်မှာ တစ်ရေးအိပ်တယ်၊ သရက်ပင်ကို ချစ်တယ်၊ သရက်ပင်နဲ့ အတူ ကစားရတာ သူပျော်တယ်။

အချိန်တွေကုန်ဆုံးပြီး ကောင်လေးကတဖြည်းဖြည်း ကြီးပြင်းလာတော့ သရက်ပင်ဆီလာမကစားတော့ဘူး။
“ ငါနဲ့ လာကစားပါဦး”လို့ သရက်ပင်က ညှိုးငယ်တဲ့ မျက်နှာနဲ့တောင်းဆိုတဲ့အခါ-
“ ကျွန်တော်က ကလေး မဟုတ်တော့ဘူးလေ၊ ဒီတော့ သစ်ပင်နဲ့ မကစားချင်တော့ဘူး၊ ကျွန်တော်က ပိုကောင်းတဲ့ အရုပ်တွေ လိုချင်လို့ အဲဒါတွေ ဝယ်ဖို့ ငွေလိုတယ်” လို့ ကောင်လေးက ဖြေတယ်။

“ စိတ်မကောင်းပါဘူးကွာ၊ ငါ့မှာငွေတော့ မရှိပါဘူး၊ ဒါပေမဲ့ သရက်သီးတွေ ခူးရောင်းရင် မင်းငွေရမှာပါ . . ဒါဆို မင်းလိုချင်တဲ့အရုပ် ဝယ်နိုင်ပြီပေါ့”
ကောင်လေးပျော်သွားတယ်။ သရက်သီး အားလုံးခူးပြီး သွားရောင်းလိုက်တာ ပြန်မလာတော့ဘူး။ သရက်ပင်ကြီး ဝမ်းနည်းနေခဲ့တယ်။
တစ်ရက်မှာတော့ ကောင်လေးက တကယ့်လူပျိုကြီး ဖြစ်လာတော့တယ်။

“ ငါ့ဆီလာပါဦး”လို့ သရက်ပင်ကခေါ်တော့-
“ ကျွန်တော့်အတွက် ခင်ဗျားကိုပေးဖို့ အချိန်မရှိဘူး၊ ကျွန်တော့်မိသားစုအတွက် အလုပ်လုပ်ရမယ်၊ အိမ်ပြင်ဖို့လိုတယ်၊ ခင်ဗျား ကူညီနိုင်မလား”
“ စိတ်မကောင်းပါဘူးကွာ၊ ငါ့မှာ အိမ်မှ မရှိတာ၊ ဒါပေမဲ့ ငါ့သစ်ကိုင်းတွေကို ခုတ်ပြီး အိမ်ပြင်ကြည့်ပါလား”
လူငယ်လေးက သစ်ကိုင်းအားလုံးခုတ်ပြီး ပျော်ပျော်ရွှင်ရွှင် ထွက်သွားတယ်။ သစ်ပင်ကြီးလည်း လူငယ်လေးပျော်တာကြည့်ပြီး ဝမ်းသာနေတယ်။ ကောင်လေးက နောက်ထပ်မလာတော့ သစ်ပင်ကြီးအထီးကျန် ဝမ်းနည်းနေတာပေါ့။

ပူပြင်းတဲ့ နွေရာသီနေ့တစ်နေ့မှာတော့ လူငယ်လေးလာတဲ့အတွက် သစ်ပင်ကြီး ဝမ်းသာနေခဲ့တယ်။ထုံးစံအတိုင်း “ငါ့ဆီ လာကစားပါဦး”လို့ နှုတ်ဆက်တော့-
“ကျွန်တော် ဝမ်းနည်းနေတယ်၊ အပန်းပြေဖို့ ရွက်လွှင့်ချင်လို့ ခင်ဗျား လှေတစ်စီးပေးနိုင်မလား”
လူငယ်ရဲ့ တောင်းဆိုချက်ကို သစ်ပင်ကြီးက-
“ လှေရဖို့ ငါ့ပင်စည်ကို သုံးလေ၊ ဒါဆို မင်းပျော်ပျော်ရွှင်ရွှင် ရွက်လွှင့်နိုင်ပြီပေါ့ . .”
လူငယ်လည်း ပင်စည်ဖြတ်ပြီး လှေနဲ့ ရွက်လွှင့်သွားခဲ့တာ တော်တော်နဲ့သစ်ပင်ကြီးဆီ မရောက်လာတော့ဘူး။ နောက်ဆုံးမှာတော့ လူငယ်လေးက လူကြီးအရွယ်နဲ့ ရောက်လာတဲ့အခါ သစ်ပင်ကြီး က-

“ စိတ်မကောင်းပါဘူး၊ ငါ့မှာ မင်းကို ပေးစရာ ဘာမှမရှိတော့ဘူး၊ သရက်သီးလည်း မရှိ၊ မင်းတက်ဖို့ ပင်စည်လည်း မရှိတော့ဘူး”လို့ ဆိုတော့-
“ ကျွန်တော့်မှာလည်း သရက်သီးစားဖို့ သွားတွေမရှိတော့ပါဘူး၊ ပင်စည်ပေါ်တက်ဆော့နိုင်တဲ့ ခွန်အားလည်း မရှိတော့ပါဘူး” လို့ လူကြီးက ပြန် ဖြေလိုက်တယ်။
“ ဒါပေမဲ့ ငါ မင်းကို ပေးနိုင်တာတစ်ခုတော့ရှိတယ်၊ အဲဒါ သစ်ငုတ်တိုလေးပဲ ..”
“ ကျွန်တော်လည်း အများကြီး မလိုချင်တော့ ပါဘူး၊ နားစရာ နေရာတစ်ခုပဲ လိုချင်တာပါ”
“ ဒါဆို အတော်ပဲ ကောင်လေး၊ သစ်ငုတ်တို ဟောင်းတွေက အနားယူဖို့ အကောင်းဆုံးနေရာပဲ၊ ဒီပေါ်တက်ထိုင် . .”
ကောင်လေးက သစ်ငုတ်တိုပေါ်တက်ထိုင် လိုက်တော့ သစ်ပင်ကြီးက ဝမ်းသာစွာ ပြုံးနေခဲ့တော့တယ်။

[Unicode]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top