Healthy Life Ad
Life Style

ရင်သားတွဲကျစေသော မှားယွင်းသည့် အပြုအမူများ

စူး ( ဆေးဝါးတက္ကသိုလ် )

အသက်ကြီးတာက ဘဝရဲ့အစိတ်အပိုင်းတစ်ရပ်ဖြစ်တဲ့အတွက် အိုမင်းတာကို ရပ်တန့်အောင် လုပ်လို့မရပါဘူး။ အိုမင်းတဲ့ အကြောင်းရင်းတစ်ခုထဲမှာ ရင်သားတွဲကျတာလည်း ပါဝင်ပါတယ်။ အီစထရိုဂျင်အဆင့် လျော့ကျပြီး ကော်လာဂျင် ထုတ်လုပ်မှုလျော့ပါးသွားတဲ့အတွက် တင်းရင်းမှုကပါ အလိုလိုကျသွားပါတယ်။ ရင်သားတွဲကျစေတဲ့ အပြုအမူမှားတွေရှိပါတယ်။

(၁) အံဝင်ခွင်ကျမရှိတဲ့ ဘရာစီယာ ဝတ်ဆင်ခြင်း
မကောင်းတဲ့ ဘရာစီယာဝတ်ရင် ရင်သားတွဲကျစေပါတယ်။ ရင်သားကို ကောင်းကောင်းထောက်ပံ့မှုမရှိတဲ့အတွက် ရင်သားအရေပြားနဲ့ ကော်လာဂျင်အပေါ် ဖိအားကျရောက်စေပါတယ်။ အထူးသဖြင့် လေ့ကျင့်ခန်းပြုလုပ်ချိန်မှာ ဘရာစီယာ ကောင်းကောင်း ဝတ်ဆင်သင့်ပါတယ်။

(၂) ဆေးလိပ်သောက်ခြင်း
ရှစ်နှစ်ကြာ လေ့လာမှုအရ ဆေးလိပ်သောက်တာကြောင့် ရင်သားတွဲကျစေတယ်လို့ သိရပါတယ်။ ဆေးလိပ်သောက်တာကြောင့် အရေပြားဆီ သွေးထောက်ပံ့မှု လျော့ကျကာ အရေပြားအိုမင်းအားနည်းစေပါတယ်။ ဒါ့အပြင် ရင်သားကိုလည်း တွဲကျစေပါတယ်။

(၃) နေကာခရင်မ် မလိမ်းခြင်း
နေဒဏ်ကိုအလွန်အမင်းခံရတဲ့အတွက် အရေးကြောင်းထင်ကာ အရေပြားတွဲကျစေပါတယ်။ ဒါကြောင့် ရင်သားဖော်ပြီး ဝတ်တဲ့အခါ ရင်သားအရေပြားကိုပါ နေကာခရင်မ်လိမ်းဖို့ မမေ့ပါနဲ့။

(၄) ကိုယ်အလေးချိန် တက်လိုက်၊ ကျလိုက်ဖြစ်ခြင်း
ရင်သားတွေက အများအားဖြင့် အဆီတွေနဲ့ ဖွဲ့စည်းထားတဲ့အတွက် ကိုယ်အလေးချိန် အပြောင်းအလဲဖြစ်တိုင်း ရင်သားဆွဲဆန့်နိုင်စွမ်းအား လျော့နည်းကာတွဲကျစေပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်မှာ ထိန်းထားပါ။

(၅) ရေဓာတ် ခမ်းခြောက်ခြင်း
အရေပြားက အစိုဓာတ်လိုပါတယ်။ အစိုဓာတ်ထိန်းနိုင်ဖို့ နေ့စဉ်ရေများများသောက်ပေးရပါမယ်။ ရေအလုံအလောက် သောက်တာက ရင်သားအရေပြားကိုပါ ကျန်းမာနုပျိုတင်းရင်းစေပါတယ်။

(၆) ဘေးစောင်းအိပ်ခြင်း၊ မှောက်အိပ်ခြင်း
ဘေးစောင်းအိပ်ရင်ဒါမှမဟုတ် မှောက်အိပ်ရင် ရင်သားကို ထိခိုက်စေနိုင်ပါတယ်။ ပက်လက်လှန် အိပ်တာက ရင်သားကို အကောင်းဆုံး အနေအထားမှာ ထိန်းထားနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။

(၇) လေ့ကျင့်ခန်းလုပ်ရန် ပျင်းရိလွန်းခြင်း
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းနိုင်ဖို့ အာဟာရမျှတတဲ့ အစားအသောက်ကိုစားပေးဖို့ လိုသလို လေ့ကျင့်ခန်းကိုလည်း လုပ်ဆောင်ပေးသင့်ပါတယ်။ အလေးမတာနဲ့ ရင်ဘတ်ပိုင်း လေ့ကျင့်ခန်းတွေ လုပ်တာတို့ကြောင့် ရင်သားကျန်းမာလှပစေပါတယ်။

[Unicode]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top