Healthy Life Ad
International

အရုပ်မနှင့် ချစ်ကြိုက်နေသည့် အိမ်ထောင်ရှိဂျပန်အမျိုးသား

၊ မိုးမင်းထွန်း ၊

ကလေးနှစ်ယောက်ရဲ့ဖခင်ဖြစ်ပေမယ့် ဆန်ဂျီနာကာဂျီမာက အရုပ်မချစ်သူဆာအိုရီနဲ့ ပျော်ရွှင်နေပြီလို့ဆိုလိုက်ပါတယ်။ အသက် ၆၁ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဆန်ဂျီက လွန်ခဲ့တဲ့ ၆ နှစ်က အရုပ်မကိုဝယ်ခဲ့တယ်လို့ သိရပါတယ်။

လအနည်းငယ်ကြာပြီးနောက်မှာ သက်ရှိလူအတိုင်းပြုလုပ်ထားတဲ့ အရုပ်မအပေါ် သံယောဇဉ်တွယ်လာခဲ့တယ်လို့ သူကပြောပါတယ်။ သူက တိုကျိုကတိုက်ခန်းမှာ အရုပ်မနဲ့အတူနေထိုင်ပြီး တစ်ခုတင်တည်းအိပ်စက်ပါတယ်။

“ ငွေအတွက်ကြောင့်တော့ ဆာအိုရီကပစ်သွားမှာမဟုတ်ပါဘူး။ အခုခေတ်လူတွေအပေါ် ကျွန်တော်စိတ်ကုန်နေပါပြီ။ အသည်းနှလုံး မရှိကြတော့ဘူး” လို့ ဆန်ဂျီကပြောပါတယ်။

သူကဆာအိုရီနဲ့ ဈေးဝယ်ထွက်တာ၊ လှပတဲ့အဝတ်အစားဝတ်ဆင်ပေးတာ၊ ရေချိုးပေးတာတို့ကို ပြုလုပ်ပါတယ်။ ဆာအိုရီကို ဘီးတပ်ကုလားထိုင်ပေါ်တင်ပြီး အပြင်ထွက်လေ့ရှိပါတယ်။ သူ့အတွက်ဆာအိုရီက အရုပ်တစ်ရုပ်ထက်ပိုကြောင်းနဲ့ သူနဲ့အတူတန်ဖိုးရှိတဲ့ အချိန်တွေကိုဖြတ်သန်းကာ သူဘဝကိုအဓိပ္ပါယ်ရှိစေခဲ့ကြောင်း ဆန်ဂျီကပြောပါတယ်။

ဆန်ဂျီတစ်ယောက်တည်းမကပဲ အာရှမှာ အရုပ်မစွဲလန်းတဲ့ရောဂါ ရေပန်းစားလာနေတယ်လို့ သိရပါတယ်။ ဒီလိုလိင်ဆက်ဆံလို့ရတဲ့ အရုပ်တွေဟာတစ်ခုကို စတာလင်ပေါင် ၄၀ဝ၀ ခန့်ကုန်ကျကာ ရည်းစားအစစ်ရှိစရာ မလိုတော့ဘူးဆိုပြီး ကြော်ငြာရောင်းချနေကြတယ်လို့ ဆိုပါတယ်။ ဝယ်သူစိတ်ကြိုက် အရုပ်မျိုးစုံကိုရရှိနိုင်ပြီး ဆံပင်အရောင်ကနေ ရင်သားအရွယ်အစားအထိ ရွေးချယ်နိုင်ကြပါတယ်။ အရုပ်တွေရဲ့ခြေလက်တွေကို လှုပ်ရှားနိုင်ပြီး တကယ့်အစစ်နဲ့တူတဲ့မျက်လုံးတွေ၊ အရေပြားတွေပါရှိကြတယ်လို့ သိရပါတယ်။

(Ref; DS)

Most Popular

Healthy Life Ad
To Top