Healthy Life Ad
Health Tips

အသားအရေရော ခန္ဓာကိုယ်ပါ လှပဖို့ လေ့ကျင့်ခန်း လုပ်ရအောင် . . .

လေ့ကျင့်ခန်းလုပ်တာက သင့်ကျန်းမာရေး၊ အသားအရေ၊ သင့်ခန္ဓာကိုယ်စတဲ့ တစ်ကိုယ်လုံး အစစအရာရာ ဆွဲဆောင်မှုရှိရှိလှပစေဖို့ ထောက်ပံ့နေပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အတွက် လှပရခြင်းအကြောင်းပြချက်ကို အောက်ပါအတိုင်း တွေ့ရှိထားပါတယ်။

(၁) ကျန်းမာတဲ့အတွက် လှပရတာပါ
ကျန်းမာတဲ့ လူတွေကလှပနေကြပါတယ်။ လေ့ကျင့်ခန်းကို အသင့်အတင့်ပြု လုပ်တာကြောင့် နုပျိုပြီးပိုမိုဆွဲဆောင်မှုရှိတဲ့ အသွင်အပြင်ကိုဖြစ်စေနိုင်ပါတယ်။

(၂) ချွေးထွက်တာက အသားအရေကို ကောင်းမွန်စေပါတယ်
ချွေးတွေက ချွေးပေါက်တွေက ထွက်လာတာ ဖြစ်တဲ့အတွက် ချွေးနဲ့အတူ အညစ်အကြေးတွေနဲ့ အဆီတွေကိုပါ ကင်းစင်သွားစေပါတယ်။ ဒါ့အပြင် ချွေးထွက်တဲ့အထဲမှာ ဝက်ခြံတွေကို တွန်းလှန်ပေးနိုင်တဲ့ သဘာဝပိုးသတ်အစွမ်းတွေလည်း ထွက်ရှိလာနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာကြောင့် သွေးလှည့်ပတ်မှု ကောင်းမွန်တဲ့အတွက် ဦးရေပြားကို ကျန်းမာစေပြီး ဆံပင်သား ကြီးထွားသန် စွမ်းမှုကိုပါ ဖြစ်စေပါတယ်။

(၃) သွေးလှည့်ပတ်မှု ကောင်းခြင်း = အသားအရေ တင်းရင်းလှပခြင်း
လေ့ကျင့်ခန်းလုပ်တာကြောင့် အသားအရေအတွက် အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေ ရောက်ရှိစေပြီး အသားအရေကို ကြည်လင်တင်းရင်းလှပစေပါတယ်။

(၄) လေပွခြင်းနှင့် ဖောင်းအစ်မှုကို လျော့ကျစေပါတယ်
လေ့ကျင့်ခန်းလုပ်တာကြောင့် ပြန်ရည်ကြောစနစ်ရဲ့ လုပ်ငန်းဆောင်တာကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်ထဲ ရေဓာတ်ဆွဲတာမျိုးမဖြစ်အောင် လျှော့ချနိုင်ပါတယ်။ ဒါ့အပြင် မျက်အိတ်ဖောင်းတာနဲ့ မျက်ကွင်းညိုတာကို သက်သာစေပါတယ်။

(၅) အရေးကြောင်းတွေကို တွန်းလှန်ပေးနိုင်ပါတယ်
အချိန်ကြာကြာ လေ့ကျင့်ခန်းလုပ်တာကြောင့် အရေပြားကို တင်းရင်းစေတဲ့ ကော်လာဂျင်နဲ့ အီလက်စတင်ထွက်ရှိမှုကိုတိုးစေပြီး အသားအရေကို တင်းရင်းပြည့်ဖြိုးစေပါတယ်။ လေ့ကျင့်ခန်းလုပ်တာကြောင့် အသားအရေလှပစေတဲ့အပြင် စိတ်ခံစားမှုကောင်းမွန်ကာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတိုးစေပါတယ်။

[Unicode]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top