Healthy Life Ad
Health Tips

ခါးနာသက်သာစေမည့် နေထိုင်နည်းများ

(၁) ခေါင်းအုံးသုံးပြီး ခါးနာသက်သာစေရန်
ပက်လက်လှန်အိပ်တဲ့အခါ ဒူးအောက်မှာ ခေါင်းအုံးပါးတစ်လုံး ဒါမှမဟုတ် နှစ်လုံးထားပြီး အိပ်ပါ။ ဘေးတစ်စောင်းအိပ်တဲ့အခါ ဒူးတွေကြားထဲ ခေါင်းအုံးတစ်လုံး ဒါမှမဟုတ် နှလုံးထားပြီး အိပ်ပါ။

(၂) အလုပ်လုပ်ရင်း ခါးနာ သက်သာစေရန်
ငါးစက္ကန့်လောက်နားပြီး ဒီလေ့ကျင့်နည်းနှစ်ခုကို သုံးကြိမ် ထပ်ခါထပ်ခါ လုပ်ပေးပါ။

(၁) ထိုင်ခုံမှာမတ်မတ်ထိုင်ပြီး ဘယ်ဘက်လက်ကို အပေါ်မြှောက်ပြီး ပြန်ချလိုက်ပါ။ ညာဘက်လက်ကိုလည်း အပေါ်မြှောက်ပြီး ပြန်ချလိုက်ပါ။

(၂) လက်နှစ်ဖက်ကို ပုံပါအတိုင်း ဦးခေါင်းနောက်မှာ လက်နှစ်ဖက်ယှက်ရင်း ဦးခေါင်းကို နောက်ဘက်သို့ မော့ချလိုက်ပါ။

(၃) ထိုင်ခုံသုံးပြီး ခါးနာသက်သာစေရန်
တင်ပါးနဲ့ ဒူးတွေကို ၉၀ ဒီဂရီ အနေအထားမျိုးနဲ့ ပုံမှာပြထားတဲ့အတိုင်း အချိန် ၁၀-၁၅ မိနစ်ခန့် အနားယူပေးပါ။

(၄) အလုပ်လုပ်ရာတွင် ခါးနာသက်သာစေရန်
လည်ပင်းကို ငုံ့တာ၊ ကိုင်းတာမလုပ်ဘဲ ကွန်ပျူတာကို ကြည့်ပါ။ မတ်မတ်ထိုင်ပါ၊ ရင်ဘတ်ကို ဖွင့်ထားပြီး တင်ပါးကို ထိုင်ခုံနောက်မီနဲ့ ကပ်ထားပါ။ ခြေဖဝါးကို ကြမ်းပြင်ပေါ်ချထားပါ။

[Unicode]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top