Healthy Life Ad
Health Tips

ဗိုက်သားချပ်ရပ်သည့် အလှပိုင်ရှင် ဖြစ်လိုလျှင်

လရိပ်မေ
မိန်းကလေးတစ်ယောက် စတိုင်ကျပြီး လှပတဲ့ ကိုယ်ဟန်ပိုင်ဆိုင်ဖို့ရာ ဝမ်းဗိုက်ချပ်ရပ်နေဖို့လည်း လိုပါတယ်။

မတ်မတ်နေပါ၊ မတ်မတ်ထိုင်ပါ
ကိုယ်နေဟန်ကို ခပ်မတ်မတ်နေတာကြောင့် ဝမ်းဗိုက်ချပ်ရပ်စေပြီး ကိုယ်အလေးချိန်ကို ၁၀ ပေါင်ခန့် ပိုသွယ်လျသလို ထင်ရစေပါတယ်။

ဆီကြော်စာနှင့် ဟင်းအနှစ်များ ရှောင်ပါ
ဆီကြော်စာနဲ့ ဟင်းအနှစ်တွေက တဖြည်းဖြည်းနဲ့ ဝမ်းဗိုက်ပူစေတဲ့ အရာတွေပါ။

ခါးလှည့်ကွင်း လှည့်ပါ
ခါးလှည့်ကွင်းလှည့်တဲ့ လေ့ကျင့်ခန်းပြုလုပ်တာကြောင့် ဝမ်းဗိုက် အဆီတွေကို လျော့ကျစေပြီး ကယ်လိုရီလောင်ကျွမ်းစေပါတယ်။

ဟင်းသီးဟင်းရွက်များများ စားပါ
ဟင်းသီးဟင်းရွက်များများ စားတာကြောင့် အမျှင်ဓာတ်ရရှိစေပြီး ဝမ်းမှန်မှန်သွားစေကာ ဗိုက်သားချပ် ရပ်စေပါတယ်။

အစာစားသည့်အခါ
နေ့စဉ် အမျှင်ဓာတ်ပါတဲ့ အစာကို အလုံအလောက် စားတာကြောင့် ဝမ်းချုပ်တဲ့ဝေဒနာကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ အမျှင်ဓာတ် များများစားရင် လေထတာကို ဖြစ်စေနိုင်ပြီး လေတွေနဲ့ ဗိုက်က ဖောင်းနေနိုင်တဲ့အတွက် အသင့်အတင့်ပဲ စားပါ။

လေ့ကျင့်ခန်းလုပ်သည့်အခါ
အိပ်ထမတင် လေ့ကျင့်ခန်း ဒါမှမဟုတ် ဝမ်းဗိုက်ကြွက်သားသန်စွမ်းစေတဲ့ လေ့ကျင့်ခန်းလုပ်ဆောင်ပေးပါ။

[Unicode]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top