Healthy Life Ad
Health Tips

မျိုးရိုးလိုက်တတ်သည့် အပြုအမူများ

ငွေကြယ်စင်ယံ

သင်ရဲ့အပြုအမူတချို့က မျိုးရိုးလိုက်ပြီး ဖြစ်တာလားဆိုတဲ့ မေးခွန်းကို ကျွမ်းကျင်သူတွေက ဖြစ်နိုင်ခြေများတယ်လို့ ဖြေပါတယ်။ အောက်ပါတို့ကတော့ မျိုးရိုးဗီဇနဲ့ အပြုအမူဆက်စပ်နေကြောင်း လတ်တလောတွေ့ရတဲ့ အချက်တွေကို သိပ္ပံပညာရှင်တွေက ဖော်ပြထားတာ ဖြစ်ပါတယ်။

ဟောက်ခြင်း
အရီဇိုးနားတက္ကသိုလ်ရဲ့ လေ့လာမှုတစ်ရပ်အရ ဟောက်တဲ့သူအများစုရဲ့ မိခင်တွေကလည်း ဟောက်တတ်ကြတာကို တွေ့ရှိခဲ့ပါတယ်။

လူမှုရေးဝင်ဆန့်ခြင်း
လန်ဒန်မျိုးရိုးဗီဇဆိုင်ရာ လေ့လာသူအသင်းရဲ့ လေ့လာမှုတစ်ရပ်အရကလေးတွေမှာ လူမှုရေးဝင်ဆန့်တဲ့ အပြုအမူရှိရင် ဖခင်ဆီက မျိုးရိုးလိုက်တာဖြစ်ကြောင်း သိရပါတယ်။

ဉာဏ်ရည် ထက်မြက်ခြင်း
ကိန်းဘရစ်ချ် တက္ကသိုလ်ရဲ့ လေ့လာမှုတစ်ရပ်အရ ဦးနှောက်ရဲ့ တွေးခေါ်နိုင်တဲ့ အစိတ်အပိုင်းဟာ မိခင်ဘက်က မျိုးရိုးလိုက်တဲ့ ဗီဇလွှမ်းမိုးမှုရှိတတ်ကြောင်း သိရပါတယ်။

အလိုလို ထိုးထွင်းသိမြင်စိတ်ရှိခြင်း
အမျိုးသမီးတွေမှာ သဘာဝတရားအရ ခန္ဓာကိုယ်အမူအရာ (Body Language)ကို ဘာသာပြန်နိုင်စွမ်းရှိကြပြီး အဲဒီလို အလိုလိုသိစိတ်ရှိနေတတ်တာက ဖခင်ဘက်ကရတဲ့ ခရိုမိုဇုမ်း Y ကြောင့် ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

အသက်ရှည်ခြင်း
အသက်ရာကျော်ရှည်တဲ့ ဂျပန်လူမျိုးတွေကို လေ့လာမှုတစ်ရပ်အရ မိခင်ဘက်ကပါတဲ့ မျိုးရိုးဗီဇကြောင့် အသက်ရှည်ရတာဖြစ်ကြောင်းနဲ့ အဲဒီဗီဇကြောင့်ပဲ တချို့ရောဂါတွေကို မဖြစ်အောင် ခုခံတွန်းလှန်နိုင်စွမ်းရှိကြောင်း သိရပါတယ်။

[Unicode]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top