Healthy Life Ad
Health Tips

ကြွက်နို့ မပေါက်စေရန် ကာကွယ်နည်းများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ကြွက်နို့တွေက အဖြစ်များပြီး ကူးစက်နိုင်ခြေရှိပါတယ်။ လက်တွေမှာ အဖြစ်များဆုံး ဖြစ်ပြီး ကြွက်နို့ဗိုင်း ရပ်စ် (HPV) ကြောင့် ဖြစ်တတ်ပါတယ်။

ကြွက်နို့အများစုက သူ့အလိုလိုပျောက် ကင်းသွားတတ်ပေမယ့် ဖြစ်လာရင် စိတ်အနှောင့်အယှက်ဖြစ်ရတာကြောင့် ကြွက်နို့မပေါက်အောင် ဘယ်လိုနေထိုင်သင့်တယ်ဆိုတာ အကြံပြုလိုပါတယ်။

– လက်သည်းကိုက်တာနဲ့ လက်သည်းပန်းကုံးတွေကို ဖဲ့ဆိတ်တာတို့ကို ရှောင်ပါ။

– လက်တွေကို မကြာခဏ ဆေးကြောသန့်စင်ပေးပါ။

– အရေပြားကို အစိုဓာတ်ထိန်းပေးပါ။

– အများပြည်သူ သွားလာအသုံးပြုလေ့ရှိတဲ့ ရေချိုးခန်း၊ အိမ်သာ၊ ရေကူးကန် စတာတွေမှာ ဖိနပ်ပါးကို အမြဲစီးပါ။

– အရေပြား ပြတ်ရှရာနဲ့ ခြစ်ရာတွေကို ဆပ်ပြာနဲ့ ရေသုံးပြီး သေချာသန့်စင်ပေးပါ။

– ဘရိတ်ဓား၊ မျက်နှာသုတ်ပဝါ၊ ခြေအိတ် စတာတွေကို တခြားသူတွေနဲ့ ဘယ်တော့မှ အတူတူ မျှဝေ မသုံးပါနဲ့။

– လက်နဲ့ခြေထောက်ကို သန့်စင်အောင်ဆေးကြောပြီးတဲ့အခါတိုင်း ခြောက်သွေ့အောင် သုတ်ပေးပါ။ ချွေးထွက်များရင် ခြေအိတ်အသစ်လဲဝတ်ပါ။

– တခြားလူရဲ့ ကြွက်နို့တွေကို လက်နဲ့ကိုင်ကြည့်တာမျိုး ရှောင်ပါ။ မတော်တဆ ထိသွားရင် လက်ကို ရေနဲ့ ဆပ်ပြာသုံးပြီး စင်ကြယ်အောင် ဆေးပါ။

Most Popular

Healthy Life Ad
To Top