Healthy Life Ad
Life Style

အပူအပင်ကင်းတဲ့ ကိုယ်ဝန်ဆောင်ကာလကို ဖြတ်သန်းနိုင်ဖို့ရာ . . .

၊ လရိပ်မေ ၊

ကိုယ်ဝန်ဆောင်ချိန်ဟာ အမျိုးသမီးတစ်ယောက် ဘဝမှာ စိတ်လှုပ်ရှားစရာ အကောင်းဆုံး အချိန်တစ်ချိန်ဖြစ်သလို ကိုယ်ဝန်ဆောင်မိခင်ရော ဗိုက်ထဲက သန္ဓေသားလေးပါ ကျန်းမာရေးကောင်းမွန်စေဖို့ အထူးစောင့်ရှောက်ရမယ့် အချိန်လည်း ဖြစ်ပါတယ်။

– အနားယူချိန်ပေးပါ

အထူးသဖြင့် သားဦးကိုယ်ဝန် မဟုတ်ဘဲ ဒုတိယကိုယ်ဝန်ဆိုရင်ပိုပြီး ပင်ပန်းခက်ခဲတတ်ပါတယ်။ အကြောင်းကတော့ ပထမကလေးကိုလည်း ပြုစုစောင့်ရှောက်နေရလို့ ဖြစ်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်နဲ့ စိတ်ကို ဖြေလျှော့နိုင်ဖို့ အနားယူချိန်ပေး ဖို့လိုအပ်ပါတယ်။

– အာဟာရ ပြည့်ဝစွာ စားသုံးပါ

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို စားပြီး ကိုယ်ဝန်ဆောင် အားဆေး မှီဝဲတာကြောင့် ကျန်းမာလန်းဆန်းနေစေပါတယ်။

– ကလေးမွေးဖွားလျှင် ကြုံရနိုင်သည့်အခက်အခဲများကို မေ့လျော့ထားပါ
တခြားသူတွေ ကလေးမွေးစဉ်က ကြုံတွေ့ရတဲ့ အခက်အခဲတွေအကြောင်းကို မမေးပါနဲ့။ ဒီလို အ ကြောင်းတွေက သင့်အတွက် မလိုလားအပ်တဲ့စိတ်ဖိစီးမှုတွေကို ဖြစ်စေနိုင်ပါတယ်။

– ကိုယ်အလေးချိန်ကို ဆန်းစစ်ပါ

ကိုယ်ဝန်မဆောင်စဉ်က ရှိခဲ့တဲ့ ကိုယ်အလေးချိန်ပေါ် မူတည်ပြီး ကိုယ်အလေးချိန်က ဘယ်လောက်များများ တက်သင့်တယ်ဆိုတဲ့ အချက်ရှိပါတယ်။ အဲဒါ အတိုင်းအတာပြည့်မီမှု ရှိ၊ မရှိ ဆန်းစစ်ပေးဖို့ လိုပါတယ်။

– သင့်ဝန်းကျင်က အကြံပေးသူများကဆေး ပညာရှင် မဟုတ်ကြောင်း သတိပြုပါ

သင့်မိသားစုဝင်တွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေက သင့်အတွက် စိတ်လှုပ်ရှားနေကြပါတယ်။ အဲဒါကြောင့် သင့်အတွက် သင့်တော်တဲ့ အကြံဉာဏ် တွေကို ပေးကောင်းပေးနိုင်ပါတယ်။ သူတိုရဲ့ အကြံဉာဏ်တွေကို လေးလေးစားစားနားထောင်ပါ။ ဒါပေမဲ့ အားလုံးကို လိုက်နာဖို့ မလိုအပ်ပါဘူး။ သင့်ကိုယ်ဝန်အပ်ထားတဲ့ သားဖွားမီးယပ်အထူးကု ဆရာဝန်ရဲ့ အကြံဉာဏ်က ပိုအရေးကြီးပါတယ်။

– သက်သောင့်သက်သာ ရှိပါစေ

ကိုယ်ဝန်ဆောင်ကာလ တစ်လျှောက်လုံး သင့်ကျန်းမာရေး အခြေအနေကောင်းမွန်ပြီး အမြဲ သက် သောင့်သက်သာရှိနေဖို့လိုပါတယ်။ တကယ်လို့ မသက်မသာခံစားရရင် ဆရာဝန်ထံ သင်ခံစားရသမျှ ရင်ဖွင့် ပြောဆိုလိုက်ပါ။

– ကြိုတင်ပြင်ဆင်ပါ

ကိုယ်ဝန်ဆောင်ကာလအတွင်း မွေးဖွားလာမယ့် ရင်သွေးလေးအတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်တာကြောင့် စိတ်ပင်ပန်းမှု ပြေလျော့ပြီး ရင်ခုန်ပျော်ရွှင်နေတတ်ပါတယ်။

– ယောဂကျင့်ပါ၊ အနှိပ်ခံပါ

စိတ်နဲ့ ခန္ဓာ ဖိစီးမှုတွေ လျော့ကျစေဖို့ ကိုယ်ဝန်ဆောင်ကာလမှာ ယောဂကျင့်တာနဲ့ အနှိပ်ခံတာတို့ကို လုပ်ဆောင်ပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top