Healthy Life Ad
Q & A

အအေးမိ၊ တုပ်ကွေး ကင်းဝေးပြီး ကိုယ်ခံအား တက်အောင် . . .

မေး။ ။ ကျွန်မက မကြာခဏ အအေးမိတာ၊ တုပ်ကွေးရောဂါ ဖြစ်တတ်ပါတယ်။ အဲဒါ ကိုယ်ခံအားနည်းလို့ ဆိုပါတယ်။ ကိုယ်ခံအားတက်အောင် ဘယ်လို အစားအသောက်တွေကို စားသင့်ပါသလဲ။

သဲနု၊ မြောက်ဥက္ကလာ။

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ။ ။ ကိုယ်ခံအားတက်အောင် ဗီတာမင်စီများများပါတဲ့ အစားအသောက်တွေကို စားပေးရပါမယ်။ ဥပမာ ပြောရမယ်ဆိုရင် ထမင်းစားပြီးတိုင်း သံပရာရည် သောက်တာမျိုး လုပ်ပေးရပါမယ်၊ ဒိန်ချဉ်သောက်ပေးရပါမယ်။ အစားအသောက် စားသောက်တဲ့အခါ အသီးအရွက်နဲ့အသားကို မျှတအောင် စားပေးရပါမယ်။

မြန်မာလူမျိုးတွေက အသားစားတာ နည်းတဲ့အတွက်

ငါးကို များများ စားပေးသင့်ပါတယ်။ ဗီတာမင်စီပါတဲ့ အသီးအရွက်၊ သစ်သီးဝလံတွေကို စားပေးပါ။ ပြီးတော့ လေ့ကျင့်ခန်းကို နည်းနည်း လုပ်ပေးရပါမယ်။ ဒါဆိုရင် ကိုယ်ခံအားက အလိုလို မြင့်တက်လာပြီး အအေးမိတာ၊ တုပ်ကွေးဖြစ်တာတွေ သက်သာသွားပါလိမ့်မယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top