Healthy Life Ad
Health Tips

ရှစ်လကိုယ်ဝန်ဆောင်သည်နှင့် တူနေသည့် ကလေးဖခင်၏ ကျောက်ကပ်ကြောင့် အသက်ချမ်းသာရာရ

၊ မိုးမင်းထွန်း ၊

အမေရိကန်ပြည်ထောင်စုမှ ပေါလ်နဲ့ကာရင်တို့က သူတို့ရဲ့သားလေး နေသန်နီရယ်ကို ကိုယ်ဝန် ဆောင်ထားတဲ့အချိန်ရောက်မှ သူတို့ဟာ Polycy-stic Kidney Disease (PKD)ခေါ်တဲ့ ကျောက်ကပ်ရောဂါဖြစ်စေနိုင်တဲ့ ငုပ်ဗီဇသယ်ဆောင်သူတွေ ဖြစ်နေတာကို သိရှိခဲ့ပါတယ်။

ဒီရောဂါက ကျောက်ကပ်နဲ့ အသည်းပျက်စီးမှု ကိုဖြစ်စေနိုင်ပါတယ်။ ရောဂါကြောင့် နေသန်နီရယ်ဟာ မွေးဖွားပြီး ၃၆ နာရီအကြာမှာ သေဆုံးသွားခဲ့ပါတယ်။ သူတို့စုံတွဲမှာ ကလေး ၄ ယောက်မွေးတိုင်း ၁ ယောက်က ရောဂါဖြစ်နိုင်ခြေရှိတယ်လို့ ဆရာဝန်တွေက သတိပေးခဲ့ပါတယ်။ အထက်တန်းကျောင်းကတည်းက ချစ်သူတွေဖြစ်ခဲ့ကြတဲ့ သူတို့စုံတွဲက နောက်ထပ်ကလေးရဖို့ ဆက်လက်ကြိုးစားခဲ့ပါတယ်။ ကာရင်က မကြာမီကိုယ်ဝန်ရခဲ့ပြီး ကံမကောင်းစွာပဲ သမီးငယ် မက်ဒီဟာ PKD ရောဂါနဲ့မွေးဖွားလာခဲ့ပါတယ်။ ရောဂါကြောင့် မက်ဒီရဲ့ကျောက်ကပ်ဟာ အရွယ်ရောက်ပြီးသူတစ်ယောက်ရဲ့ကျောက်ကပ်ထက် သုံးဆပိုကြီးနေခဲ့ပါတယ်။ ကလေးကတစ်ရက် ၁၈နာရီ အိပ်စက်ပြီး သူရဲ့ဝမ်းဗိုက်ဟာ စူထွက်လာနေကာ နေ့စဉ်အော့အန်နေရပါတယ်။

၇ရက်ကြာဆေးရုံမှာနေခဲ့ရပြီးနောက် ဆေးရုံက ဆင်းနိုင်ခဲ့ပါတယ်။ နောက်ထပ်တစ်နှစ်ခွဲအထိ အခြေအနေကောင်းနေခဲ့ပေမယ့် မကြာမီမှာပဲ မက်ဒီရဲ့ ကျောက်ကပ်တွေပျက်စီးသွားပြီး အရေးပေါ် ခွဲစိတ်ဖို့ လိုအပ်ခဲ့ပါတယ်။ ဖခင်ပေါလ်က သူရဲ့ ကျောက်ကပ်ကို လှူဒါန်းဖို့ဆုံးဖြတ်ခဲ့ပြီး ကျောက်ကပ်အစားထိုးခွဲစိတ်မှုကို ပြုလုပ်ခဲ့ရပါတယ်။ ခွဲစိတ်မှုကအောင်မြင်ခဲ့ပြီး ပေါလ်ရဲ့ကျောက်ကပ်နဲ့မက်ဒီရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့ပါတယ်။

အခုအခါမှာ မက်ဒီဟာ ကျန်းမာရေးကောင်းမွန်နေပြီဖြစ်ပြီး ရောဂါကင်းစင်ဖို့အတွက် ၂၅နှစ် အကြာမှာ နောက်ထပ်အစားထိုးမှုတစ်ခုကို လုပ်ဆောင်ရမယ်လို့ သိရပါတယ်။

ဖခင်ပေါလ်ကတော့”ဖခင်တိုင်း သူ့လိုလုပ်ဆောင်ကြမှာပါ။ ဒါက မိဘတစ်ယောက်ရဲ့တာဝန်ပဲ”လို့ ဝမ်းသာအားရ ဆိုပါတယ်။

(Ref; TS)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top