Healthy Life Ad
Health Tips

ဆယ်ကျော်သက်အရွယ်ကောင်လေးတို့ စိတ်ဓာတ်ကျပြီး သတ်သေချင်စိတ်ရှိနေချိန် အတွေ့ရများသည့် လက္ခဏာများ

ကိုမိုး
ဆယ်ကျော်သက် လူငယ်တွေ စိတ်ဓာတ်ကျပြီး ကိုယ့်ကိုယ် ကိုယ်သတ်သေဖို့ကြံစည်နေချိန်၊ ကြိုးစားနေချိန်မှာ တွေ့ရများတဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ ဒီလက္ခဏာတွေကိုတွေ့ရင် ဆယ်ကျော်သက်အရွယ် လူငယ်ရဲ့ စိတ်ဓာတ်ကျဝေဒနာ လက္ခဏာသက်သာ လျော့ပါးစေဖို့ သက်ဆိုင်ရာ အုပ်ထိန်းသူ လူကြီးမိဘထံကို အသိပေးပြီး ကိုယ့်ကိုယ်ကိုယ်သတ်သေချင်စိတ်လျော့ကျအောင် ကူညီဖေးမသင့်ပါတယ်။

(၁) သတ်သေချင်တယ်၊ သေချင်တယ်ဆိုတဲ့ အကြောင်း၊ သတ်သေတာနဲ့သေခြင်းတရားအကြောင်းကို မကြာခဏ တဖွဖွပြောတာ၊

(၂) “ ငါ ဒီဘဝကြီးကနေ လွတ်မြောက်ချင်တယ် ” ဆိုတဲ့စကား၊ “ ငါထွက်သွားချင်လှပြီ၊ ဒီဘဝကြီးမှာ မနေချင်တော့ဘူး ”ဆိုတဲ့ စကားတွေကို မကြာခဏပြောတာ၊

(၄) မျှော်လင့်ချက်ကင်းမဲ့နေကြောင်း၊ ကူရာကယ်ရာမဲ့ဖြစ်နေကြောင်း၊ ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိကြောင်းပြောတာ၊

(၃) မိသားစုနဲ့ သူငယ်ချင်းအပေါင်းအသင်းတွေကို မထောက်ပံ့နိုင်ဘူး၊ မငဲ့ကွက်နိုင်တော့ဘူး၊ “ ငါက ငါ့မိသားစုအတွက် ဘာမှအားကိုးရတဲ့သူ မဟုတ်ဘူး ”လို့ ပြောတာ၊

(၅) သူငယ်ချင်းတွေ၊ မိသားစုတွေကို ရှောင်ဖယ်ပြီးနေတာ၊ သူများနဲ့ပူးပေါင်းဆောင်ရွက်ရမယ့် ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်မှုမရှိဘဲ သီးခြားနေထိုင်တာ၊

(၆) အပြုအမူတွေ ပြောင်းလဲလာတာ (ဥပမာ စား တာ၊ အိပ်တာ၊ နေတာထိုင်တာတွေက ပုံမှန်မဟုတ်တော့ဘဲ ပြောင်းလဲသွားတာ)၊

(၇) အရက်သောက်တဲ့ ဆယ်ကျော်သက်တွေမှာဆိုရင် အရက်သောက်တဲ့ အမူအကျင့်ကို ပြောင်းလဲလိုက်တာ (ဥပမာပြောရရင် အရက်ကို စွဲသောက်နေရာကနေ ရုတ်တရက်ဖြတ်ပစ်လိုက်တာ၊ ကိုယ့်ကိုယ်ကိုယ် ပျက်စီးထိခိုက်အောင် အရက်တွေ အလွန်အမင်းသောက်တာ)

(၈) စိတ်ဓာတ်ကျဝေဒနာရဲ့ လက္ခဏာဖြစ်တဲ့ ဘာကိုမှ အာရုံမစိုက်နိုင်တော့တာ၊

(၉) ဆယ်ကျော်သက်အရွယ်မှာ ခန္ဓာကိုယ်အလေးချိန်က သိသိသာသာ တက်လွန်းတာ ဒါမှမဟုတ် သိသိသာသာ ကျလွန်းတာ၊

(၁၀) ကိုယ်ရည်ကိုယ်သွေး (Personality) က သိသိသာသာ ပြောင်းလဲသွားတာ၊

(၁၁) ဝမ်းနည်းတာ၊ ပူဆွေးတာ၊ ကြေကွဲလွယ်တာ၊ စိတ်တိုတာနဲ့ စိတ်ဆတ်တာတွေ ဖြစ်တတ်သလို ဘာကိုမှ မခံစားရတော့ဘဲ ခံစားချက်မဲ့တာ၊ ပတ်ဝန်းကျင်ကို တုန့်ပြန်မှုမရှိတာ၊

(၁၂) ကျောင်းမှာ စာမလိုက်နိုင်တာ၊ စာတွေလိုက် မလုပ်တော့တာစတဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။

[Unicode]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top