Healthy Life Ad
Health Tips

ရှိရင်းစွဲထက် အရပ်ပိုမြင့်ပြီး ကြည့်ကောင်းနေစေမည့် လှည့်စားနည်းများ

လရိပ်မေ
အရပ်မြင့်တာက စတိုင်ကျပြီး ပိုမိုကြည့်ကောင်းတတ်ပါတယ်။ ဒါပေမဲ့ အရပ်ပုလို့လည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လျော့မသွားပါနဲ့။

(၁) သင့်တော်သော လက်ရှည်အင်္ကျီ ရွေးချယ်ပါ
ပိန်သွယ်တဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်သူတွေအတွက် လက်ရှည်ပွပွအင်္ကျီ မဝတ်သင့်ပါဘူး။ လက်ရှည်အင်္ကျီဆိုရင် အင်္ကျီလက်ကိုခေါက်ပြီး မတိုမရှည်ထားသင့်ပါတယ်။

(၂) စကပ်ရှည် သို့မဟုတ် စကပ်တို ဝတ်ပါ
ဆိုလိုတာက ခြေမျက်စိအထိရှည်တဲ့ စကပ်ကို ဝတ်ပါ။ ဒါမှမဟုတ် ပေါင်အထက်တိုတဲ့ စကပ်ဝတ်ပါ။ အဲဒီလိုဝတ်တာက အရပ်ကို ရှိရင်းစွဲထက် ပိုရှည်စေပြီး မတိုမရှည် စကပ်တွေဝတ်ရင် သင့်အရပ်ကို ပုစေလို့ပါ။

(၃) သင့်တော်သော ခါးပတ် ပတ်ပါ
ဂါဝန်ရှည်၊ စကပ်ရှည်နဲ့ ဘောင်းဘီတိုတွေဝတ်တဲ့အခါ ခါးပတ်ပတ်တာက သင့်ကို သွယ်လျကြည့်ကောင်းစေပါတယ်။

(၄) ဖိနပ်အမြင့်ကို ရွေးချယ်ပါ
ဖိနပ်ဟာ သင့်အသွင်ကို ပြီးပြည့်စုံစေတယ်ဆိုတာ မေ့မထားသင့်ပါဘူး။ ဒေါက်အမြင့်ဟာ သင့်စတိုင်နဲ့ သင့်ကိုယ်နေဟန်ကို ပံ့ပိုးပေးနိုင်ပါတယ်။ သင့်အရပ်ကို ပိုရှည်သွားစေတယ်ဆိုတာတော့ ပြောစရာတောင် လိုမယ်မထင်ပါဘူး။

(၅) အရောင်ရင့်ကို ဝတ်ပါ
အရောင်ရင့်တဲ့ အဝတ်အစား ရွေးလေလေ၊ သင့်ကို ပိုသွယ်လျစေပါပဲ။ ဥပမာ အနက်ရောင် ဘောင်းဘီရှည်၊ အပြာရင့်ရောင် စကပ်ရှည်၊ အစိမ်းရင့်ရောင် စကပ်ရှည်စသဖြင့် ရွေးချယ်ဝတ်ဆင်ပေးသင့်ပါတယ်။

(၆) အပေါ်ထပ်အင်္ကျီပါးပါး ဝတ်ပါ
အပေါ်ထပ်အင်္ကျီ ဝတ်တဲ့အခါ ထူပွပွဖြစ်နေရင် သင့်အရပ်က ပုနေတတ်ပါတယ်။ ဒါကြောင့် အပေါ်ထပ်အင်္ကျီပါးပါးနဲ့ ခါးအောက်အထိရှည်တာကို ရွေးချယ်ဝတ်ဆင်ပါ။

(၇) ဒေါင်လိုက်စင်းပါသည့် စကပ်၊ ဘောင်းဘီ ရွေးပါ
ဒေါင်လိုက်စင်းပါတဲ့ စကပ်ရှည်၊ ဘောင်းဘီရှည် ရွေးဝတ်ရင် သင့်ကို ခြေတံနဲ့ ပေါင်တံတွေ ပိုသွယ်လျရှည်စေတယ်လို့ အထင်ရောက်စေပါတယ်။

[Unicode]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top