Healthy Life Ad
Q & A

ကိုယ်ဝန်ဆောင်နှင့် အိပ်ဆေး

မေး။ ။ ကိုယ်ဝန်ဆောင်ချိန် အိပ်မပျော်ရင် အိပ်ဆေးသောက်လို့ရပါသလား ဆရာ။
စန္ဒာ၊ တွံတေး။

ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး)

ဖြေ။ ။ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ အိပ်ပျော်အောင် စိတ်ဖိစီးမှုများနေတာတွေ၊ ရှေ့ရေးကိုတွေးပြီး ပူပင်သောကများနေတာတွေကို လျှော့ချသင့်ပါတယ်။ အချိန်ရတိုင်း အနားယူပေးဖို့ လိုအပ်သလို အိပ်ပျော်အောင် ရေနွေးစိမ်ပြီး ရေချိုးတာ၊ နွားနို့ သောက်တာတွေ လုပ်သင့်ပါတယ်။ အိပ်ဆေးက စွဲတတ်တဲ့ သဘောရှိလို့ အိပ်ဆေး မသောက်သင့်ပါဘူး။ အိပ်ဆေးသောက်ပါများရင် ဗိုက်ထဲက ကလေးပါ အိပ်ဆေး အရှိန်ကြောင့် မလှုပ်တာမျိုး ဖြစ်တတ်လို့ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top