Healthy Life Ad
Health Tips

ခန္ဓာကိုယ်အပူချိန် လျော့ကျစေရန် စားသင့်သည့် အစားအစာများ

မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

လူတစ်ယောက်ရဲ့ ပုံမှန် အပူချိန်ဟာ နေရာ ဒေသနဲ့ အခြေအနေတွေပေါ် မူတည်ပြီး ၉၈ ဒသမ ၆ ဒီဂရီဖာရင်ဟိုက် ပတ်ဝန်းကျင်ရှိပါတယ်။ ခန္ဓာကိုယ်ရဲ့ အပူချိန်တက်သွားတာ/ ကျသွားတာတွေဟာ ကျန်းမာရေးအတွက် ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာနေတဲ့ဘဝကို ရရှိစေဖို့ ကိုယ်အပူချိန်က ပုံမှန်ဖြစ်နေဖို့လည်း လိုအပ်ပါတယ်။ ခန္ဓာကိုယ်အပူချိန်ကို ပြောင်းလဲစေတဲ့အရာတွေ များစွာရှိပါတယ်။ အဲဒါတွေကတော့ ရာသီဥတုအခြေအနေ၊ ပူလွန်း/အေးလွန်းတဲ့နေရာတွေမှာ အလုပ်လုပ်ရတာ၊ ရေသောက်နည်းတာနဲ့ ပူလွန်း/အေးလွန်းတဲ့ အစားအစာတွေကို စားတာတွေက ခန္ဓာကိုယ်အပူချိန်ကို ပြောင်းလဲမှုတွေ ဖြစ်စေပါတယ်။

ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိနိုင်ဖို့ အရေးကြီးဆုံး အချက်ကတော့ ရေဓာတ်ပြည့်ဝနေဖို့ ဖြစ်ပါတယ်။ ရေဓာတ်ဟာခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို လျော့နည်းစေပြီး ကိုယ်အပူချိန်ကိုလည်း ထိန်းပေးထားနိုင်စွမ်းရှိပါတယ်။ ယခုလို ပူပြင်းလွန်းလှတဲ့ အချိန်ကာလမှာ ခန္ဓာကိုယ်အပူချိန်တွေကို ထိန်းပေးထားနိုင်ပြီး တခြားကျန်းမာရေး ကောင်းကျိုးတွေလည်း ရရှိစေနိုင့်မယ့် အစားအစာအနည်းငယ်ကို ဖော်ပြပေးလိုက်ပါတယ်။

(1) ဖရဲသီး

ရေဓာတ်များစွာပါဝင်တဲ့ ဖရဲသီးက ခန္ဓာကိုယ် အပူချိန်ကို လျော့ချတဲ့နေရာမှာ အလွန်ထိရောက်မှု ရှိပါတယ်။ သင့်ခန္ဓာကိုယ်တွင်း ရေဓာတ်ပြည့်ဝနေစေပြီး ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေကိုပါ အေးမြနေစေမှာ ဖြစ်ပါတယ်။

(2) သခွားမွှေးသီး

သခွားမွှေး စားတာကလည်း ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်ဝနေစေပြီး ကိုယ်အပူချိန်ကို လျော့ကျစေ နိုင်ပါတယ်။ သခွားမွှေးက မလိုအပ်တဲ့ အဆီပိုတွေကိုလည်း လျော့ကျစေနိုင်တဲ့အတွက် ကိုယ်အလေးချိန် ချနေသူတွေလည်း စားလို့ သင့်တော်ပါတယ်။

(3) သခွားသီး

သခွားသီးကို ရေပြောင်စင်အောင်ဆေးပြီး အစိမ်းစားတာက ခန္ဓာကိုယ်ရေဓာတ်ကို ထိန်းညှိပေးနိုင် ကာ ကိုယ်အပူချိန်ကို လျော့ကျစေနိုင်ပါတယ်။ တစ်နေ့ကို သခွားသီးတစ်လုံး ပုံမှန်စားပေးဖို့ လိုအပ်ပါတယ်။

(4) ပူဒီနာ (ပူစီနံ)

ကိုယ်အပူချိန်ကို လျော့ကျစေဖို့ အိမ်တွင်းဖြစ် ဆေးဝါးအဖြစ် ပူဒီနာ(ပူစီနံ)ကို အသုံးပြုနိုင်ပါတယ်။ ခံတွင်းကို အေးမြစေပြီး စိတ်ကြည်လင်မှုကိုလည်း ပေးစွမ်းနိုင်ပါတယ်။

(5) မုန်လာဥဖြူ

မုန်လာဥဖြူမှာ ရေဓာတ်အများအပြား ပါဝင်တဲ့အပြင် ဗီတာမင်-စီလည်း များစွာပါဝင်ပါတယ်။ ခန္ဓာကိုယ်ရေဓာတ်ကို ပြည့်ဝစေတဲ့အပြင် ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်တွေကိုလည်း လျော့ကျစေနိုင်ပါတယ်။ မုန်လာဥဖြူတွေက အပူလျှပ်တဲ့ ဒဏ်ကို လျော့ကျစေနိုင်တဲ့ အစွမ်းလည်း ရှိပါတယ်။

(6) နှမ်း

နှမ်းကလည်း ခန္ဓာကိုယ်အပူကို လျော့ကျစေမယ့် အိမ်တွင်းဆေးဝါးတစ်မျိုးပါ။ နှမ်းအနည်းငယ် ကို ရေနဲ့သောက်ပြီး ခန္ဓာကိုယ်အပူချိန်ကို လျှော့ချနိုင်ပါတယ်။

(7) စမုန်စေ့

စမုန်စေ့ကို ရေထဲထည့်ပြီး တညလုံး စိမ်ထား လိုက်ပါ။ မနက်ကျရင် စမုန်စေ့မှာကို စစ်ထုတ်ပြီး ရေကို သောက်ပေးတာကြောင့် ကိုယ်အပူချိန်ကို လျှော့ချနိုင်ပါတယ်။

(8) အုန်းရည်

အုန်းရည်ကို သောက်ပေးတာကြောင့် ခန္ဓာကိုယ် ရေဓာတ်ကို ပြန်လည်ပြည့်ဝစေရုံသာမက အပူလွန်ကဲပြီး ရေဓာတ်ခမ်းခြောက်မှုကြောင့် ဖြစ်လာတဲ့ ဝေဒနာတွေကိုလည်း လျော့ကျစေနိုင်ပါတယ်။

(9) သလဲသီး

သလဲသီးကို ဖျော်ပြီး တစ်နေ့ တစ်ဖန်ခွက် သောက်ပေးရင် ပူပြင်းတဲ့နေ့တွေမှာ ရေဓာတ်ခမ်း ခြောက်တဲ့ ဝေဒနာမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

(10) နို့အေး

ကျန်းမာရေးအတွက် သင့်တော်ပြီး အေးမြတဲ့ နို့အေးတစ်ခွက်ကို မနက်စာ စားချိန်မှာ နေ့စဉ်သောက် ပေးတာက ခန္ဓာကိုယ် အပူချိန်ကို ထိန်းထားနိုင်ရုံ သာမက တစ်နေကုန် လှုပ်ရှားဖို့ လိုအပ်တဲ့ စွမ်းအင်တွေကိုလည်း ရရှိစေနိုင်မှာဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top