Healthy Life Ad
Health Tips

အသည်းကင်ဆာ၏ အသံတိတ်လက္ခဏာများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

အသည်းကင်ဆာ ဖြစ်တတ်တဲ့ အသံတိတ် လက္ခဏာတွေကို သိရှိဆင်ခြင်နားလည်နိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။

– အသည်းရောင် အသားဝါ စီပိုးရှိခြင်း

အသည်းရောင် အသားဝါစီပိုး ရှိမှန်းမသိတာကြောင့် ဆေးကုသမှု မခံယူဖြစ်ရင် အသည်းကင်ဆာ အန္တရာယ်ကိုမြင့်တက်စေနိုင်ပါတယ်။ အသည်းရောင်အသားဝါ စီပိုးရှိသူတွေက ၁၀ နှစ်ကြာရင် အ သည်းကင်ဆာ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် စီပိုး ရှိ၊ မရှိ စောစောစီးစီး စစ်ပြီး ကုသမှု ခံယူသင့်ပါတယ်။

– အသည်းရောင် အသားဝါ ဘီပိုးရှိခြင်း

အသည်းရောင်အသားဝါ ဘီပိုးရှိတာကြောင့် အသည်းကင်ဆာ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အခုဆိုရင် မွေးကတည်းက ကလေးတွေကို ဘီပိုး ကာကွယ်ဆေး ထိုးနှံပေးနေပါတယ်။ သင်လည်း ဘီပိုးကာကွယ်ဆေး မထိုးရသေးရင် အခုပဲ သွေးစစ်ပြီး ပိုးမရှိသေးပါက ဘီပိုးကာကွယ်ဆေးထိုးသင့်ပါတယ်။

– အရက်သောက်လွန်းခြင်း

ပုံမှန် အရက် အလွန်အကျွံသောက်ရင် အသည်းဆဲလ်တွေကို ထိခိုက်စေနိုင်ပါတယ်။ အဲဒီအခြေအနေကြောင့် ကြာလာရင် အသည်းကင်ဆာ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အရက်အလွန်အကျွံ သောက်တာကို ရှောင်သင့်ပါတယ်။

– အဝလွန်ခြင်း

အဝလွန်တာကလည်း အသည်းကင်ဆာ အန္တရာယ်မြင့်တက်စေတဲ့ အချက်ပါ။ အထူးသဖြင့် အဝလွန်သူက အရက်သောက်များရင် အသည်း ကင်ဆာဖြစ်နိုင်ခြေ ပိုများသွားပါတယ်။

– ထုံးစံမဟုတ်ဘဲ ဗိုက်အောင့်ခြင်း

အသည်းကင်ဆာရှိသူအများစုဟာ ဝမ်းဗိုက် အပေါ်ပိုင်း အောင့်နေတတ်ပါတယ်။ ဗိုက်အောင့်တိုင်း ကင်ဆာလို့ဆိုလိုတာ မဟုတ်ပါဘူး။ တခြား အကြောင်းရင်းအများကြီးကလည်း ဗိုက်အောင့်စေနိုင်ပါတယ်။

– အကြောင်းရင်း မည်မည်ရရမရှိဘဲကိုယ်အလေးချိန် လျော့ကျခြင်း

ကိုယ်အလေးချိန်ကျတာနဲ့ အစာစားချင်စိတ် ဆုံးရှုံးတာတွေက တခြားအကြောင်းရင်းတွေကြောင့် ဖြစ်နိုင်သလို အသည်းကင်ဆာရဲ့ လက္ခ ဏာတစ်ရပ်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မပေါ့ ဆဘဲ ကျန်းမာရေး စစ်ဆေးမှု ခံယူသင့်ပါတယ်။

– ဗိုက်ပြည့်လွယ်ခြင်း

ဗိုက်ထဲမှာ အရည်တွေနဲ့ ပြည့်ဖောင်းနေတဲ့ အခါခါတိုင်းထက် ပိုပြီး ဗိုက်ပြည့်နေတတ်ပါတယ်။ ကင်ဆာဖြစ်ရင် အစာစားချင်စိတ် ဆုံးရှုံးတတ်လို့ ကျန်းမာရေး စစ်ဆေးမှုကို ခံယူသင့်ပါတယ်။

– မျက်စိ သို့မဟုတ် အရေပြားဝါခြင်း

အသားဝါတဲ့ လက္ခဏာတွေက အသည်း ကင်ဆာကို ဖော်ပြနိုင်ပါတယ်။ အထူးသဖြင့် ယားယံပြီး အသည်းရောင်အသားဝါဖြစ်ရင် စစ်ဆေး မှုကိုအမြန်ဆုံးခံယူဖို့ လိုပါတယ်။

(Ref; RD)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top