Healthy Life Ad
Life Style

လုပ်ငန်းအောင်မြင်လိုသူတိုင်း သိသင့်သည့် ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ အချက်များ

၊ ကိုမိုး ၊

ကိုယ်လုပ်နေတဲ့ အလုပ် အောင်မြင်ဖို့နဲ့ သင်ရဲ့ လုပ်ငန်းလုပ်ဖော်ကိုင်ဖက်တွေက သင့်ကို အထင် အမြင်ကောင်းစေဖို့ ကိုယ်ရည်ကိုယ်သွေးကောင်း နေရပါမယ်။

– လက်ဆွဲနှုတ်ဆက်ရာမှာ

လူတစ်ယောက်နဲ့ လက်ဆွဲနှုတ်ဆက်တဲ့အခါ ခပ်တင်းတင်း ဆုပ်ကိုင်ပေးပါ။ ဒါက သင့်အနေနဲ့ သန်စွမ်းမှုနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိကြောင်း ပြသရာ ရောက်ပါတယ်။အားမရှိသလို လျော့ရဲတဲ့ လက်ဆွဲနှုတ်ဆက်မှုက သင့်ကို နှိမ့်ချတဲ့အသွင် ဖြစ်စေပါတယ်။

– ချိန်းဆိုရာမှာ

အခုလို ကားကျပ်၊ ကားပိတ်တဲ့ အချိန်မှာ သင်က ချိန်းထားတဲ့သူဆီ အချိန်အတိအကျ ရောက်အောင် သွားနိုင်တယ်ဆိုရင် ဒါက သင်ရဲ့ လုပ်ငန်းခွင် စိတ်ဝင်စားမှုနဲ့ တက်ကြွမှုကို ပြသရာ ရောက်ပါတယ်။ နောက်ကျမှ ရောက်သူတွေကို အချိန်ဆွဲလုပ်တတ်သူအဖြစ် မြင်တတ်ပါတယ်။

– စာရေးရာမှာ

အလုပ်နဲ့ ပတ်သက်ပြီး စာရေးတဲ့အခါ လက်ရေးက မလှရင်တောင် ကြီးကြီးနဲ့ ရှင်းရှင်းရေးဖို့ လိုပါတယ်။ လက်ရေးကြီးကြီးတွေက သင်က ပွင့်လင်းသူအဖြစ်ထင်မြင်စေပြီး လက်ရေးသေးသေးလေးတွေက သင့်ကို ရှက်ရွံ့သူအဖြစ် အထင်ရောက် စေပါတယ်။

– အရောင်ရွေးချယ်ရာမှာ

သင် အသုံးပြုတဲ့ အသုံးအဆောင် အရောင်တွေက သင့်ကို ကိုယ်စားပြုပါတယ်။ ဥပမာ အနီရောင်ချစ်သူဆိုရင် ရဲရင့်သူအဖြစ် အထင်ရောက်စေပြီး အဝါရောင်ချစ်သူတွေက ပျော်ပျော်နေတတ်ကြပါတယ်။

– စကားပြောရာမှာ

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသူတွေက လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားပြောတဲ့အခါ မျက်လုံးချင်းဆုံပြီး ကြည့်လေ့ရှိပါတယ်။

ရှောင်ပါ

– လက်သည်းကိုက်တဲ့ အကျင့်

လက်သည်းကိုက်တဲ့ အကျင့်၊ ဆံပင်ဆွဲတဲ့ အကျင့်နဲ့ ကုတ်တဲ့ အကျင့်တွေက စိတ်ပူတတ်သူ၊ စိုး ရိမ်စိတ်များသူအဖြစ် ထင်မြင်စေပါတယ်။

– အမေးအမြန်းထူတဲ့ အကျင့်

လူတစ်ယောက်နဲ့ တွေ့တဲ့အခါ သူပြောလက်စ စကားကို သေချာနားမထောင်ဘဲ ကိုယ်သိချင်တာကိုပဲ ဖြတ်မေးတဲ့ အကျင့်ကို ရှောင်သင့်ပါတယ်။

Most Popular

Healthy Life Ad
To Top