Healthy Life Ad
International

ဦးနှောက်သေဆုံးပြီး လေးလအကြာမှာ ကလေးတစ်ယောက်ကို မွေးဖွား

မိုးမင်းထွန်း
ပေါ်တူဂီနိုင်ငံမှာ ဦးနှောက်သေဆုံးတာ လေးလနီးပါးကြာပြီဖြစ်တဲ့ အမျိုးသမီးတစ်ယောက်က ကလေးတစ်ယောက်ကို မွေးဖွားနိုင်ခဲ့တယ်လို့ သိရပါတယ်။

ကိုယ်ဝန်ဆောင်ချိန် ၃၂ပတ်အကြာ လစ္စဘွန်းဆေးရုံ အထူးကုသဆောင်မှာ ကလေးကို မွေးဖွားခဲ့တာဖြစ်ပါတယ်။ မွေးဖွားချိန်မှာ ကလေးငယ်ဟာ ပေါင်ချိန် ၅ ပေါင် ၃အောင်စ ရှိခဲ့ပါတယ်။ ကလေးမိခင်ဟာ ဦးနှောက်သွေးလွန်ခြင်းဖြစ်ပြီးနောက် ဦးနှောက်သေဆုံးသွားခဲ့ပါတယ်။ သန္ဓေသားဟာ ကျန်းမာရေး ကောင်းမွန်ကြောင်း တွေ့ရှိတာကြောင့် ကိုယ်ဝန်ကို ဆက်လက်ထားရှိမယ်လို့ ဆုံးဖြတ်ခဲ့ကြပြီး ကလေးဖခင်ကလည်း လက်ခံခဲ့တယ်လို့ သိရပါတယ်။

ကလေးကို ကျန်းမာစွာနဲ့ မွေးဖွားနိုင်ခဲ့ကာ ကလေးမိခင်အပေါ် အသက်ထောက်ပံ့မှု ဆက်လက်ထားရှိမလား ဆိုတာကို ဆရာဝန်တွေက ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပါဘူး။ ဒီဖြစ်ရပ်ဟာ ပေါ်တူဂီမှာ မိခင်ဦးနှောက်သေဆုံးပြီးနောက် ဝမ်းဗိုက်အတွင်းမှာ ကလေးတစ်ယောက်အကြာဆုံး အသက်ရှင်နိုင်ခဲ့တာလည်းဖြစ် ပါတယ်။

ပိုလန်နိုင်ငံမှာလည်း ဦးနှောက်သေဆုံးတဲ့ အမျိုးသမီးတစ်ဦးရဲ့ဝမ်းဗိုက်ထဲမှာ ၅၅ ရက်ကြာ အသက်ရှင်နိုင်ခဲ့တဲ့ ကလေးတစ်ယောက်ကို မွေးဖွားနိုင်ခဲ့ပါတယ်။ မွေးဖွားချိန်မှာ ကိုယ်အလေးချိန် ၂ဒသမ ၂ပေါင်သာရှိခဲ့ပေမယ့် ဧပြီလက ကျန်းမာစွာနဲ့ ဆေးရုံက ဆင်းနိုင်ခဲ့ကြောင်းလည်း သိရပါတယ်။
Ref; BBC

[Unicode]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top