Healthy Life Ad
International

အကြောတောင့်ဝေဒနာရှင်မိခင် အိမ်ပြင်မထွက်နိုင်သည်မှာ ငါးနှစ်ကြာခဲ့ပြီ

မိုးမင်းထွန်း
ဗြိတိန်နိုင်ငံမှ အသက် ၅၃ နှစ်အရွယ် ဟယ်လင်စတီဗင်ဟာ ၁၉၉၉ခုနှစ်က ယာဉ်မတော်တဆမှု ဖြစ်ခဲ့ပြီး နာကျင်တ ဲ့လက္ခဏာတွေစတင် ခံစားခဲ့ရပါတယ်။ နောက်ဆုံးမှာ သူမှာ SPS (Stiff Person Syndrome) အကြောတောင့်ရောဂါရှိနေကြောင်း တွေ့ရှိခဲ့ပါတယ်။ SPS ရောဂါဟာ ရှားပါးကာ ကုသလို့ မပျောက်ကင်းသေးတဲ့ အမျိုးအစားဖြစ်ပြီး လူတစ်သန်းမှာ တစ်ယောက်သာ ဖြစ်ပွားလေ့ရှိပါတယ်။ ရောဂါထကြွတဲ့အခါ ကြွက်သားတွေ ပြန့်ကားစုတ်ပြဲပြီး ခန္ဓာကိုယ်ဟာ လေးလက်မအရွယ်အစားအထိ ရောင်လာလေ့ရှိပါတယ်။

ရောဂါထတိုင်း ကြွက်သားတွေက အဆုတ်နဲ့နှလုံးတွေကို တွန်းတိုက်တာကြောင့် အသက်ရှူကျပ်ပြီး သေတော့မလိုတောင်ဖြစ်ရပါတယ်လို့ ဟယ်လင်က ပြောပြပါတယ်။ ဆရာဝန်တွေက သူ့ကို နာကျင်တာ၊ ရောင်တာတို့က ိုထိန်းချုပ်နိုင်ဖို့ ဒိုင်ယာဇီပင်ဆေးတွေကို သောက်ခိုင်းတယ်လို့ ဆိုပါတယ်။ ဒီဆေးဟာ လူတွေ အိပ်စက်အောင်ပြုလုပ်ဖို့ လိုအပ်တဲ့အခါ ညွှန်းလေ့ရှိတဲ့ ဆေးအမျိုးအစားပဲဖြစ်ပါတယ်။ အခုအခါမှာ ဟယ်လင်ဟာ နေ့တိုင်း အမျိုးသား ၁၂ ယောက် လဲကျစေနိုင်တဲ့ စိတ်ငြိမ်ဆေးတွေကို သောက်နေရတယ်လို့ သိရပါတယ်။

ဟယ်လင်ဟာ လှုံ့ဆော်မှုတွေကို မခံနိုင်ဖြစ်နေပြီး ဆူညံသံ၊ အထိအတွေ့နဲ့ စိတ်ညစ်မှုတွေစတဲ့ ခံစားမှုတွေကြောင့် ရောဂါထစေတယ်လို့ ဟယ်လင်က ပြောပြပါတယ်။ ၁၇ နှစ်တိုင်တိုင် ရောဂါဒဏ် ခံစားနေရပြီး အိမ်ပြင်မထွက်နိုင်ခဲ့တာ ငါးနှစ်ကြာခဲ့ပြီဖြစ်ကြောင်း သူကပြောပြပါတယ်။
Ref; DM

[Unicode]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top