Healthy Life Ad
International

ကျောက်တုံးပုံဖြစ်လာနေသည့် ၁၁ နှစ်အရွယ် နီပေါကလေးငယ်

၊ မိုးမင်းထွန်း ၊

ရာမက်ရှ်ဒါဂျီဟာ ၁၅ ရက်သားအရွယ်ကတည်းက အရေခွံတွေကွာလာခဲ့ပြီး ထူထဲတဲ့ အနက်ရောင် အကြေးခွံတွေအစားထိုးနေရာယူလာခဲ့ပါတယ်။
အခု ၁၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကလေးငယ်ရဲ့ သွင်ပြင်ကို ကြောက်ရွံ့တာကြောင့် တခြားကလေးငယ်တွေက သူနဲ့မကစားကြလို့ ကစားဖော်မရှိဘဲ အထီးကျန်နေထိုင်နေရပါတယ်။

ရှားပါးပြီး ကုရာနတ္ထိ ဆေးမရှိသေးတဲ့ အရေ ပြားရောဂါ (Icthyosis) ကြောင့် ကလေးရဲ့အရေပြားတွေက မာကြောတောင့်တင်းလာကာ သူရဲ့ ခြေလက်တွေကို လိမ်လိုက်သလိုဖြစ်သွားပြီး စကားမပြောနိုင်၊ လမ်းလည်းမလျှောက်နိုင်ရှာတော့ပါဘူး။ အလုပ်ကြမ်းသမားတစ်ယောက်ဖြစ်တဲ့ ဖခင်နန္ဒာဟာ တစ်လစတာလင် ပေါင် ၄၄ ပေါင်သာဝင်ငွေ ရှိတာကြောင့် သူ့သားကို ဆေးကုဖို့မတတ်နိုင်ခဲ့ပါဘူး။ ရာမတ်ရှ်လေးက ဗိုက်ဆာတာနဲ့ အိမ်သာသွားချင်တာတို့ကိုပဲ အချက်ပြနိုင်ပါတော့တယ်လို့သူက ပြောပါတယ်။

ဒါပေမဲ့ ကလေးရဲ့ကံကြမ္မာဟာ မထင်မှတ်ဘဲကောင်းလာခဲ့ပါတယ်။ ဗြိတိန်အဆိုတော်ဂျို့စတုန်းက ကလေး အကြောင်းကြားသိခဲ့ပြီး ကုသစရိတ်အတွက် အလှူခံပေးခဲ့ပါတယ်။ စတုန်းက နီပေါနိုင်ငံရောက်ရှိစဉ်မှာလည်း ကလေးဆီသွားရောက်လည်ပတ်ခဲ့ပြီး လက်ဆောင်အမြောက်အများကိုပေးခဲ့ပါတယ်။ ကုသမှုခံယူခဲ့ပြီးနောက် ကလေးငယ်ဟာ စကားပြန်ပြောနိုင်လာပြီလို့ သိရပါတယ်။

လက်ထောက်အရေပြားရောဂါဆိုင်ရာ ပါမောက္ခ ဒေါက်တာဆာဘီနာဘာတရိုင်က ကလေးရဲ့ ခန္ဓာ ကိုယ်မှအကြေးခွံတွေကို ချွတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ကာယကုထုံးတချို့ကိုပြုလုပ်ပေးပြီး မကြာခင်မှာ ကလေးဟာ လမ်းလျှောက်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားထားပါတယ်။

(Ref; EP)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top