Healthy Life Ad
Health Tips

ဘဝအောင်မြင်ကျန်းမာရေးအတွက် အသုံးဝင်သည့် နည်းလမ်းကောင်းများ

၊ လရိပ်မေ ၊

– ရေချိုးခန်းထဲ သီချင်းဆိုပါ
နေ့စဉ် ရေချိုးခန်းထဲမှာ သီချင်းဆိုတာကြောင့် ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေနိုင်ပါတယ်။ ဒါ့အပြင် သွေးဖိအားလျော့ကျစေပြီး စိတ်ဖိစီးမှု လျော့နည်းစေပါတယ်၊ စိတ်ခံစားမှုလည်း ကောင်းမွန်စေပါတယ်။

– မိတ်ဆွေသူငယ်ချင်း ထားပါ
မိတ်ဆွေသူငယ်ချင်းမရှိဘဲ အထီးကျန်နေထိုင်တာက တစ်နေ့ စီးကရက်တစ်ဘူးသောက်တာနဲ့တူညီတဲ့ ကျန်းမာရေးအန္တရာယ်ကို ရရှိစေပါတယ်။

– စိတ်ခံစားမှု ကောင်းမွန်သော အရာများ လုပ်ဆောင်ပါ
ချစ်တဲ့သူကို အကြင်နာပေးတာ၊ ပီကေဝါးတာ၊ ချောကလက်စားတာနဲ့ ငှက်ပျောသီးစားတာ . . ဒီအလေ့အထအားလုံးက လူတွေကို အပန်းပြေစေပြီး စိတ်ခံစားချက်ကောင်းမွန်စေတဲ့ နည်းလမ်းတွေဖြစ်ကြောင်း သုတေသနတွေက ပြဆိုပြီးသားပါ။

– နာကျင်ပါ၊ သို့သော် အရှုံးမပေးပါနှင့်
သန်မာတဲ့ စိတ်နှလုံးသားနဲ့ ရှင်သန်ချင်တယ်ဆို ရင်နာကျင်စရာရှိတဲ့အခါ နာကျင်လိုက်ပါ။ ဒါပေမဲ့ နာကျင်မှု ခံစားရရင်တောင် ဘယ်တော့မှ အရှုံးမပေးလိုက်ပါနဲ့။

– တရားထိုင်ပါ
တရားထိုင်တာကြောင့် လေ့လာသင်ယူနိုင်စွမ်းကို တိုးမြင့်စေပြီး မှတ်ဉာဏ် ကောင်းမွန်စေပါတယ်။

– ထိတွေ့ပါ
ခန္ဓာကိုယ်ထိတွေ့မှုက သင့်ကို ပိုမိုကျန်းမာလာစေပါတယ်။ အနှိပ်ခံတာ၊ ပွေ့ဖက်တာ၊ လက်ချင်းဆုပ်ကိုင်တာစတဲ့ ထိတွေ့မှုအားလုံးက စိတ်ဖိစီးမှုလျော့ပါးစေပြီး ကိုယ်ခံစွမ်းအားစနစ်ကို အားကောင်းစေတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top