Healthy Life Ad
Health Tips

ကျန်းမာဖို့ ခပ်သွက်သွက် လမ်းလျှောက်စို့

လူတွေ ကျန်းမာဖို့အတွက် ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်း လုပ်ရပါမယ်။ အလွယ်ကူဆုံးကတော့ လမ်းလျှောက်တာပဲ ဖြစ်ပါတယ်။ လမ်းလျှောက်တဲ့အခါမှာ ချွေးထွက်အောင် ခပ်သွက်သွက် လမ်းလျှောက်ပေးရပါမယ်။

အဲဒီလို ခပ်သွက်သွက်လမ်းလျှောက်ပေးမယ်ဆိုရင် ခန္ဓာကိုယ်မှာ ကပ်ငြိလာတဲ့ အဆီပိုတွေကို လျော့ကျစေပါတယ်။

လမ်းလျှောက်ဖို့ သီးသန့်အချိန်မပေးနိုင်ရင် ကားမှတ်တိုင်ကနေ အိမ် ဒါမှမဟုတ် အလုပ်ကို သွားတဲ့အခါ ဆိုက်ကားစီးတာမျိုးမလုပ်ဘဲ ခပ်သွက်သွက် လမ်းလျှောက်ပေးပါ။

အထပ်မြင့်ကို တက်စရာရှိတယ်ဆိုရင်ဓာတ်လှေကား၊ စက်လှေကားတွေ မသုံးဘဲ ရိုးရိုးလှေကားကနေတက်ပါ။

အနီးအနား ဈေးဆိုင်တွေကို သွားစရာရှိရင် တတ်နိုင်သမျှ လမ်းလျှောက်ပြီးသွားပါ။

အဲဒီလို ချွေးထွက်တဲ့အထိ ခပ်သွက်သွက် လမ်းလျှောက်ပေးတာကြောင့်-

– အဆီပိုတွေကို လျော့ကျစေပါတယ်။

– စိတ်ခံစားမှု ကောင်းစေတဲ့ အင်ဒိုဖင်ဓာတ် အထွက်တိုးစေပါတယ်။

– ခန္ဓာကိုယ်သွက်လက်ပေါ့ပါးစေပါတယ်။

– နာတာရှည်ရောဂါဝေဒနာဖြစ်နှုန်း လျော့ကျစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top